စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီစနစ်ကို သိက္ခာရှိသည့်ရွေးကောက်ပွဲဖြင့်ဖော်ဆောင်
စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီစနစ်ကို သိက္ခာရှိသည့်ရွေးကောက်ပွဲဖြင့်ဖော်ဆောင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 20, 2025
လွှတ်တော်အသီးသီးအတွက် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ ယနေ့ဆိုလျှင် ရွေးကောက်ပွဲကျင်းပရန် ရက်အားဖြင့် ၆၉ ရက်သာလိုတော့သည်။ ရွေးကောက်ပွဲတွင် မဲပေးရန်အတွက် ပထမအကြိမ် မဲစာရင်းများကို ကပ်ထားကြေညာခဲ့ပြီးဖြစ်သည်။ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် သတ်မှတ်ထားသောပုံစံဖြည့်စွက်ပြီး လျှောက်ထားကြကာ နောက်ဆုံးအတည်ပြုမဲစာရင်းများကို ထုတ်ပြန်ပေးဦးမည်ဖြစ်သည်။
မဲဆန္ဒရှင်၊ ပါတီနှင့်ကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်သည့် ဆောင်ရွက်ဖွယ်ရာများ၊ ဆောင်ရန်၊ ရှောင်ရန် ဥပဒေထုတ်ပြန်ချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုပ်ငန်းစဉ်များအလိုက် အဆက်မပြတ်အသိပေး ထုတ်ပြန်လျက်ရှိသည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအားလုံးပါဝင်ယှဉ်ပြိုင်ခွင့် ရရှိကြစေလိုသော်လည်း သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်ညီညွတ်မှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရနိုင်မည်ဖြစ်သည်။ နိုင်ငံရေးပါတီအားလုံး ပါဝင်ယှဉ်ပြိုင်ခွင့် ရနိုင်စေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလအတွင်းတင်ပြရမည့် ပါတီဝင်အင်အား၊ ဖွင့်လှစ်ရမည့် ပါတီရုံးခန်းအရေအတွက်တို့ကို ဖြေလျှော့ပေးခဲ့သော်လည်း သတ်မှတ်ထားသည့်အတိုင်း မတင်သွင်းနိုင်သည့် ပါတီ ၄ ပါတီကို ဖျက်သိမ်းခဲ့ရသည်။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့်သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများတွင် စက်တင်ဘာလ ၈ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက်နေ့အထိ အမည်စာရင်းများတင်သွင်းခဲ့ကြသည်။ အဆိုပါ ကိုယ်စားလှယ်လောင်းများအား သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲများက စက်တင်ဘာ လ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်၍ အတည်ပြုထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ ၁၉ ရက်နေ့တွင် တစ်ပြိုင်တည်း ကြေညာခဲ့သည်။
သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စိစစ်အတည်ပြုကြေညာထားသည့် နိုင်ငံရေးပါတီကိုယ်စားပြု မဲအများဆုံးရသူ အနိုင်ယူစနစ် ကိုယ်စားလှယ်လောင်းများ၊ အချိုးကျကိုယ်စားပြုစနစ် ကိုယ်စားလှယ်လောင်းများ သို့မဟုတ် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲအနိုင်ရရေးအတွက် မဲဆွယ်စည်းရုံးမှုများပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတမှုရှိစေရန်နှင့် တည်ငြိမ်အေးချမ်းသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရန်လိုအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ (အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီမှ ဒီဇင်ဘာလ ၂၆ ရက်နေ့ည ၁၂ နာရီအထိ) ခွင့်ပြုပေးထားကြောင်း အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့်မဲဆွယ်စည်းရုံးခြင်းတို့ကို ကြေညာချက်ထုတ်ပြန် အသိပေးပြီးဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြနိုင်ရေး ဆောင်ရွက်ရတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည့် အပိုင်းတစ်ပိုင်းတည်းအတွက်သာမက ရွေးကောက်ပွဲအပိုင်းအားလုံးအတွက် ဖော်ပြပါကာလများအတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ရတော့မည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်သည့်အခါ ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၀-က၊ နည်းဥပဒေ အခန်း(၁၀)ပါ သတ်မှတ်ချက်များ၊ ရွေးကောက်ပွဲဥပဒေအခန်း(၁၃)ပါ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များနှင့် အခန်း(၁၄)တွင်ပါရှိသည့် တရားမဲ့ပြုကျင့်မှုများကို အထူးသတိပြုကြရန် လိုအပ်ပါသည်။ သက်ဆိုင်ရာပါတီဝင်များ၊ ပါတီထောက်ခံသူများကိုလည်း သိရှိထားရန်၊ အသိပေးထိန်းကျောင်းပေးရန် လိုအပ်ပါသည်။ သတ်မှတ် ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေ များအလိုက် အရေးယူခံရနိုင်သည်ကို သတိပြုရန်လိုပါသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့် ငြိစွန်းခြင်းမရှိစေရေးကိုလည်း အထူးသတိပြုဆောင်ရွက်ရမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လွှတ်တော်(၃)ရပ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းဥပဒေများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ခုံအဖွဲ့ဖွဲ့စည်းပြီး အရည်အချင်းပျက် ယွင်းသူအဖြစ် ကြေညာခြင်းခံရနိုင်သည်။ ရွေးကောက်ပွဲဆိုသည်မှာ ကော်မရှင်တစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍မရဘဲ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင် ရွက်ကြမှသာ လွတ်လပ်၍တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ် ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း။ ။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ကပ်ထားကြေညာမည့်နေ့ရက် အသိပေးကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 19, 2025
၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 16, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on October 17, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း