စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုဖြစ်စေရေးနှင့် သုတေသနအခြေခံသည့် သင်ကြားသင်ယူမှုဖြစ်စေရေး ပူးပေါင်းဆောင်ရွက်


ပညာရေးဝန်ကြီးဌာန/ Naypyitaw / January 10, 2026


နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၁၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ မြစ်ကြီးနားတက္ကသိုလ် နှင့် မိုးညှင်းတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ အစဉ်အမြဲသန့်ရှင်းသာယာ လှပနေစေရန်အတွက် ကော်မတီဖွဲ့စည်းပြီး ပါမောက္ခချုပ်ဦးဆောင်၍ တက္ကသိုလ်သန့်ရှင်းသာယာ ရေးဇုန်များခွဲကာ ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ တက္ကသိုလ် အသီးသီး၏ ပညာရပ်များသည် ဘာသာရပ်ပေါင်းစုံပါဝင်လျက်ရှိကြောင်း၊ ဘာသာရပ်များအနေဖြင့် စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုဖြစ်စေရေးနှင့် သုတေသနကို အခြေခံသည့် သင်ကြား သင်ယူမှုဖြစ်စေရေးအတွက် ပါမောက္ခများ၊ ဆရာ ဆရာမများ အတူတကွ ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း၊ လာမည့်ပညာသင်နှစ်တွင် မိမိတို့တက္ကသိုလ်၌ နိုင်ငံတကာ စာတမ်းဖတ်ပွဲကို လက်ခံကျင်းပနိုင်ရေးအတွက် သင်ကြားရေးဌာနများနှင့် စီမံဌာနများက ရည်မှန်းချက်ထားကြိုးပမ်း ဆောင်ရွက်ကြရန်၊ တက္ကသိုလ်အားကစားပြိုင်ပွဲများမှတစ်ဆင့် ထူးချွန်သည့် အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ယဉ်ကျေးမှုနှင့်လျော်ညီသည့် အဝတ်အစားများကို ဝတ်စား ဆင်ယင်ကြရန် လိုအပ်ကြောင်းပြောကြားပြီး ဆရာ ဆရာမများ၏ မေးမြန်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များ၊ အားကစားခန်းမနှင့် အားကစားကွင်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 19, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 18, 2026

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 17, 2026

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023