ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပျက်စီးမှုကြီး(အနီရောင်အဆင့်) နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပျက်စီးမှုကြီး(အနီရောင်အဆင့်) နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 06, 2026
နေပြည်တော် မေ ၅
နေပြည်တော်ကောင်စီဝင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပျက်စီးမှုကြီး (အနီရောင်အဆင့်) နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေကြသည့် ကုမ္ပဏီများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယမြို့တော်ဝန်က မန္တလေးငလျင်ဒဏ်ကြောင့် ယာယီစခန်းများတွင် နေထိုင်နေသော နိုင်ငံ့ဝန်ထမ်းများကို မိုးမကျမီပြောင်းရွှေ့နေထိုင်နိုင်စေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို ရှစ်မဂ္ဂနီကျုအထိ ငလျင်ဒဏ်ခံနိုင်စေရေး သတ်မှတ်ထားသည့် ဒီဇိုင်းပုံစံများအတိုင်း စနစ်တကျပြုပြင်ဆောင်ရွက်ရန်လိုကြောင်းနှင့် QA/QC အဖွဲ့များကလည်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများတွင် အရည်အသွေးစစ်ဆေးမှုများကို စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။
ထို့နောက် တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယမြို့တော်ဝန်က လုပ်ငန်း ပိုင်းဆိုင်ရာ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို သတ်မှတ်ထားသော အချိန်အတွင်း အရည်အသွေးပြည့်မီစွာပြီးစီးစေရေး အထူးအလေးထား၍ ဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဝန်ထမ်းအိမ်ရာများသည် ဝန်ထမ်းများ၏ စားဝတ်နေရေးတွင် နေရေးနှင့် တိုက်ရိုက်ဆက်နွှယ်နေသောကြောင့် တိကျမှန်ကန်မှု၊ အချိန်မီဆောင်ရွက်မှုနှင့် အရည်အသွေးပြည့်မီမှုတို့သည် မဖြစ်မနေလိုက်နာ ဆောင်ရွက်ရမည့် သတ်မှတ်ချက်များဖြစ်၍ အလေးထားဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက် (အကွက်ကြီး - ၂)ရှိ တိုက်အမှတ် (၂၃၃၈)၊ (၂၃၄၆)နှင့် ဉာဏသိဒ္ဓိရပ်ကွက် (အကွက်ကြီး - ၃)ရှိ တိုက်အမှတ်(၃၃၆၂)တို့သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အနီရောင် အဆင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 05, 2026
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို...
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026
