ဌာနတွင်းစာရင်းစစ်ဆေးခြင်း ဒီပလိုမာသင်တန်းအမှတ်စဉ် (၁) နှင့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၂၃၈ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / March 17, 2026


မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့် စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် ဌာနတွင်းစာရင်း စစ်ဆေးခြင်း ဒီပလိုမာသင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယ ဥက္ကဋ္ဌ(၁)ဒေါ်နိုင်သက်ဦးက အစိုးရဌာနအဖွဲ့အစည်းများတွင် ဌာနတွင်းစာရင်းစစ်ဆေးခြင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဌာနတွင်း စာရင်းစစ်ဆေးခြင်းဘွဲ့လွန်ဒီပလိုမာသင်တန်းကို ဒီပလိုမာသင်တန်းအမျိုးအစားသစ်တစ်ခု အဖြစ် တိုးချဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ဌာနတွင်းစာရင်းစစ်ဆေးခြင်းသည်ဌာန၊အဖွဲ့အစည်း အတွင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လေလွင့်မှု၊ မသမာမှုမရှိစေရန်၊ လုပ်ငန်းဆောင်ရွက် မှုများတိုးတက်မှုရှိစေရန်၊ စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန် အတွက် စီမံခန့်ခွဲသူများကို ဆီလျော်သင့်မြတ်သည့် အကြံဉာဏ်များပေးခြင်းနှင့်သမာသမတ် ကျပြီး လွတ်လပ်သည့် ယုံကြည်စိတ်ချရမှုဆိုင်ရာအာမခံချက်များပေးသည့် လုပ်ငန်းစဉ်တစ်ခု လည်း ဖြစ်ကြောင်း၊ ဌာနတွင်းစာရင်းစစ်မှတစ်ဆင့် အဖွဲ့အစည်း၏ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ ကြီးကြပ်ကွပ်ကဲမှု စနစ်များကောင်းစွာလည်ပတ်နိုင်မှု ရှိ မရှိနှင့် စီမံအုပ်ချုပ်ရေးလုပ်ငန်းစဉ် များ စနစ်တကျထိရောက်စွာ ဆောင်ရွက်နိုင်မှု ရှိ မရှိ စသည့်အခြေအနေများကို သိရှိနိုင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏မဟာဗျူဟာလုပ်ငန်းရည်မှန်းချက်များရရှိစေရန် ဆောင်ရွက် ရာတွင် လိုအပ်သည့်ထိန်းကျောင်းကြီးကြပ်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ဌာနတွင်းစာရင်းစစ်သည် မိမိတို့ဌာနမှကျင့်သုံးသည့် စာရင်းစနစ်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ကျွမ်းကျင်သူများဖြစ်သည့်အတွက် ပြင်ပစာရင်းစစ်ကိုများစွာ အထောက်အကူပြုသူများဖြစ်ကြောင်း၊ သင်ခန်းစာများကို စာတွေ့လက်တွေ့ပို့ချမည်ဖြစ် သဖြင့် သင်တန်းသားများအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေ ဖြင့် ကောင်မွန်စွာလေ့လာမှတ်သား၍ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများနှင့် ပေါင်းစပ် ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးစေလိုကြောင်း၊ စာရင်းပညာပိုမိုပြန့်ပွားစေရေး အတွက် လုပ်ငန်းခွင်တွင် ပြန်လည်မျှဝေကြရန်နှင့် မိမိတို့၏ကိုယ်ပိုင်အရည်အချင်းများ ပိုမို တိုးတက်အောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် ဌာန/အဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်၏ အကျိုးစီးပွားများ ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာအချက် အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ဌာနတွင်းစစ်ဆေးခြင်းဆိုင်ရာသင်ခန်းစာ အခန်း (၈) ခန်း သင်ကြားပေးမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား (၂၄) ဦး၊ ဝန်ကြီး ဌာန/အဖွဲ့အစည်း (၃၈)ခုမှ သင်တန်းသား (၉၀) ဦး စုစုပေါင်း (၁၁၄) ဦး တက်ရောက်မည် ဖြစ်သည်။ သင်တန်းကာလမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ သင်ကြားပို့ချမှာဖြစ်ပြီး သင်တန်းကာလပြီးဆုံးချိန်တွင် စာတမ်းပြုစုချိန် (၂)ပတ်နှင့် အရည်အချင်းစစ်စာမေးပွဲဖြေဆိုရက်အပါအဝင် စုစုပေါင်းသင်တန်းကာလ ၇ လ ကြာမြင့်မည်ဖြစ်ပါကြောင်းနှင့်သင်တန်းပြီးဆုံးပါကလည်း ဘွဲ့လွန်ဒီပလိုမာလက်မှတ်ပေးအပ် သွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ငွေတိုက်ဦးစီးဌာနနှင့် ဤရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက နဝရတ်ခန်းမတွင် လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင် နှင့်ကောင်စီဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စာရင်းကိုင်အလုပ်သင်နှင့်ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း များကြီးကြပ်ရေးကော်မတီဝင်များက Online ဖြင့် တက်ရောက်ခဲ့ကြသည်။

အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်းကျောင်း နေပြည်တော်နှင့်ရန်ကုန်၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး(မကွေး၊ မန္တလေး၊ ကရင်၊ မွန်)တို့တွင် တစ်ပြိုင်တည်းဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၂၃၈ သင်တန်းဖွင့်ပွဲအခမ်းအနားကို မွန်းလွဲပိုင်း ၂:၀၀ နာရီ တွင်ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနအဖွဲ့အစည်း(၄၇)ခုမှ နေပြည်တော်တွင်သင်တန်းသား (၃၄၄) ဦး၊ ရန်ကုန်တွင် သင်တန်းသား (၁၀၇) ဦး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး (မကွေး၊မန္တလေး၊ကရင်၊မွန်)တို့တွင် သင်တန်းသား (၁၉၁) ဦး စုစုပေါင်း (၆၄၂) ဦး တက် ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာစာ‌မေးပွဲရက်အပါအဝင် (၂) လ ခွဲကျော်ကြာမြင့်မည် ဖြစ်သည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

ဗီဒီယိုများ