တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 19, 2026


     အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့ စည်း၍ အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ သာယာမွန်ကျေးရွာနေ ဦးခင်မောင်သန့်(၄၆)နှစ်သည် ရေဖြူမြို့မှ သာယာမွန်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် အဆိုပါကျေးရွာအနီး အရောက်၌ PDF အမည်ခံ အကြမ်းဖက် သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် လာရောက်ထိမှန်ခဲ့မှုကြောင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဆင်ခြင်တုံတရားကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ် ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest (EOI) နောက်ဆုံးထားတင်သွင်းရမည့် (ရက်) ပြင်ဆင်သတ်မှတ်ခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on January 20, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest (EOI) နောက်ဆုံးထားတင်သွင်းရမည့် (ရက်) ပြင်ဆင်သတ်မှတ်ခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လေလံတင်ရောင်းချမည့် ရက်/အချိန် ပြင်ဆင်သတ်မှတ်ခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on January 20, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လေလံတင်ရောင်းချမည့် ရက်/အချိန် ပြင်ဆင်သတ်မှတ်ခြင်း

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 19, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023