တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 06, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်ဌေး၊ တပ်မတော်နည်းပညာတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယဗိုလ်မှူးကြီးမြင့်ဝင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များနှင့် ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ခေတ္တပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမသို့ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။ ဆက်လက်၍ ခေတ္တပါမောက္ခချုပ်က မဟာအင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာပညာသင်ကြားရေးဒီပလိုမာဘွဲ့၊ အင်ဂျင်နီယာဘွဲ့လွန် ဒီပလိုမာဘွဲ့နှင့် အင်ဂျင်နီယာဘွဲ့ရရှိသူတို့အား သက်ဆိုင်ရာဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော အမှတ်လက္ခဏာဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

၎င်းနောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကိုရုတ်သိမ်းကြောင်းကြေညာကာ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ခေတ္တပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်နည်းပညာတက္ကသိုလ်အနေဖြင့် ပထမအကြိမ်ဘွဲ့နှင်းသဘင်မှ ယခု (၂၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ အင်ဂျင်နီယာဘွဲ့ရအရာရှိ ၇၈၃၃ ဦး၊ အင်ဂျင်နီယာမဟာဒဿနဘွဲ့ရရှိသူ ၅ ဦး၊ အင်ဂျင်နီယာ ပညာသင်ကြားရေးဒီပလိုမာဘွဲ့ရရှိသူ ၁၄၉ ဦး၊ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ ၅၄၄ ဦး၊ မဟာအင်ဂျင်နီယာ ဘွဲ့ရရှိသူ ၆၄၇ ဦးနှင့် အင်ဂျင်နီယာပါရဂူဘွဲ့ရရှိသူ ၁၇၆ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဂုဏ်ထူးဆောင်အင်ဂျင်နီယာ ပါရဂူဘွဲ့ရရှိသူ ၂ ဦးကိုလည်း ဘွဲ့များအပ်နှင်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

ဗီဒီယိုများ