တိုင်းစစ်ဌာနချုပ်များ၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းများ ကုသိုလ်ပြုဆောင်ရွက်
တိုင်းစစ်ဌာနချုပ်များ၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းများ ကုသိုလ်ပြုဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 17, 2026
နေပြည်တော် ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းများကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ ကုသိုလ်ပြုဆောင်ရွက်ကြသည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နှစ်စဉ်ကုသိုလ်ပြု ဆောင်ရွက်လျက်ရှိသော အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးရှိ ဓမ္မာရုံများနှင့်သတ်မှတ်နေရာများ၌ သံဃာတော်များက ရွတ်ပွားပူဇော်ချီးမြှင့်တော်မူကြရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သီလခံယူဆောက်တည်၍ ပရိတ်တရားတော်များကိုနာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်းများ ဆောင်ရွက်ကြသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ အလှူငွေများ၊ စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်းခြင်း၊ အခမ်းအနားသို့တက်ရောက်လာကြသည့် အဘိုး၊ အဘွားများအား လက်သည်းခြေသည်းညှပ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဇီဝိတဒါနစုပေါင်းကုသိုလ်ပြု ငါးလွှတ်ခြင်းနှင့်ငှက်လွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
