တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်အသင်းအမျိုးသမီးဘောလုံးအသင်းအားတွေ့ဆုံအားပေး
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်အသင်းအမျိုးသမီးဘောလုံးအသင်းအားတွေ့ဆုံအားပေး
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / October 09, 2025
ဘားအံ - အောက်တိုဘာ (၉)
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးအသင်းအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ တွေ့ဆုံအားပေး၍ အောင်နိုင်ရေးဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ဦးစွာ ကရင်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ကရင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့ပြီး ယခု ပြိုင်ပွဲဝင်မည့် အမျိုးသမီးအသင်းအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကိုလေးစားလိုက်နာ၍ ကြံ့ခိုင်သောစိတ် ဓာတ်၊ မလျော့သောဇွဲ၊ လုံလ၊ ဝီရိယများဖြင့် ပြိုင်ပွဲတိုင်းအနိုင်ရ၍ ပြည်နယ်ဂုဏ်ဆောင်နိုင်သည့် အသင်းတစ်သင်းဖြစ် အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြည်နယ်သူ၊ ပြည်နယ်သားအားလုံးအတွက် ဂုဏ်တက်စေမည့် တံခွန်စိုက် ဆုဖလားကြီးကို ကရင်ပြည်နယ်ဇွဲကပင်မြေသို့ သယ်ဆောင်ပြီး ပြည်နယ်ဂုဏ်ကိုဆောင်နိုင်အောင် စွမ်းစွမ်းတမံ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အသက်(၂၅)နှစ်အောက်အမျိုးသမီးဘောလုံးအသင်းထံ အောင်နိုင်ရေးအလံကို ပေးအပ်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် အောင်နိုင်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ အားကစားဝါသနာရှင်များ ချီးမြှင့်သည့် အောင်နိုင်ရေးချီးမြှင့်ငွေကျပ် (၁၃၈)သိန်းကို လက်ခံ၍ ဂုဏ်ပြု မှတ်တမ်း လွှာများပြန်လည် ပေးအပ်ချီးမြှင့်ကာ အမျိုးသမီးဘောလုံးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် စေတနာရှင်၊ အလှူရှင်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

သတင်းစာများ
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026
