တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ပိတ်ပွဲများပြုလုပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 17, 2026
image_latest


နေပြည်တော် ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ပိတ်ပွဲများကို မဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရေကစားမဏ္ဍပ်ပိတ်ပွဲများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ မိသားစု မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဗဟိုမဏ္ဍပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နှစ်ဦးအားမာန်နေဝန်းနီသင်္ကြန်အတာရေကစားမဏ္ဍပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရွှေနေကြာရေကစားမဏ္ဍပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံမိသားစုမဟာသင်္ကြန်မဏ္ဍပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ပုလဲရွှေပြည်ရေကစားမဏ္ဍပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် မိသားစုမဟာသင်္ကြန် ရေသဘင်ပွဲတော်ရေကစားမဏ္ဍပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဗဟိုမဏ္ဍပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နန်းမြို့သူမဟာသင်္ကြန်မဏ္ဍပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အသီးသီးပြုလုပ်ကြရာ တိုင်းမှူးများက နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကားများပြောကြားကြပြီး သင်္ကြန်ယိမ်းပြိုင်ပွဲများတွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့ပြင် မြန်မာ့ရိုးရာအတာသင်္ကြန်အတက်နေ့ သင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်တက်ရောက်ဆင်နွှဲကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာပိတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ဗီဒီယိုများ