တောင်တွင်းကြီးမြို့နယ် ကျွဲဖြူကန်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / March 12, 2026
image_latest


တောင်တွင်းကြီးမြို့နယ် ကျွဲဖြူကန်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
တောင်တွင်းကြီး၊မတ် ၁၂
       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်သမဝါယမဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လေထုညစ်ညမ်းမှုကာကွယ်ခြင်းဖြင့် ကျန်းမာရေးကောင်းမွန်သော ပတ်ဝန်းကျင် ဖန်တီးနိုင်စေရန် ရည်ရွယ်၍ ရေဦးကျေးရွာအုပ်စု၊ ကျွဲဖြူကန်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
       ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က လေထုညစ်ညမ်းမှုအန္တရာယ်မှကင်းဝေးစေရန်နှင့် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
        ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။
        ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက မီးခိုးမြူငွေ့ နှင့်လေထု ညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။    
         အဆိုပါ ဟောပြောပွဲသို့ ကျွဲဖြူကန်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ကျေးရွာသား(၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နွဲ့ယဥ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

ဗီဒီယိုများ