တောင်တွင်းကြီးမြို့နယ်၌ (VDP) စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 18, 2026
image_latest


တောင်တွင်းကြီးမြို့နယ်၌ (VDP) စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်
   တောင်တွင်းကြီး၊မေလ ၁၇
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၆ - ၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ချင်းကုန်းကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာတို့အား စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်ဇင်ဦးမှ အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ  ကျော်ဆွေ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်၊အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလွှမ်းမိုးထက်နှင့်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်သိန်းတို့က  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ချင်းကုန်းကျေးရွာနှင့်ရွှေညောင်ပင်ကျေးရွာတို့၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)​ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်မိတ်ဆက်စကားပြောကြားခဲ့ကြပြီး တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စိုးသီတာ ကကျေးရွာလူထုကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ကျေးရွာများ ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဥ်များရေးဆွဲရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
      ထို့နောက် တောင်တွင်းကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများက ၂၀၂၆ -၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင်  VDPစီမံကိန်းဆောင်ရွက်မည့် ချင်းကုန်းကျေးရွာနှင့်ရွှေညောင်ပင်ကျေးရွာတို့မှကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များထံသို့ စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၅၀ စီလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
                                                      နွဲ့ယဥ်

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

ဗီဒီယိုများ