ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၅ သင်တန်းဖွင့်ပွဲကျင်းပ
ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၅ သင်တန်းဖွင့်ပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 07, 2025
နေပြည်တော် နိုဝင်ဘာ ၆
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်း ကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၅ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်များချမှတ်ရာတွင် တိကျမှန်ကန်သည့် စာရင်းဆိုင်ရာ အချက်အလက်များပြုစုရေးသွင်းသူ၊ စာရင်းကျွမ်းကျင် သူများသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် နိုင်ငံတော်အတွက်လိုအပ်သော စာရင်းကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များကို လုံလောက်စွာ မွေးထုတ်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းမှ စာရင်းပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုမည့်သူများအတွက် အခြေခံကောင်းများလည်း ရရှိစေမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ယူလေ့လာမှုတွင် ရည်မှန်းချက်မြင့်မားစွာထားရှိပြီး လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်သည်အထိ နားလည် တတ်မြောက်စေရေး အလေးအနက်ထား လေ့လာသင်ယူကြရန်၊ ဝေဖန်ပိုင်းခြားသုံးသပ်နိုင်သည်အထိ ဖြစ်စေရေး ဆက်လက်ဆည်းပူးကြရန်၊ ကျင့်ဝတ်ဆိုင်ရာများ သိရှိလိုက်နာကြရန်နှင့် အနာဂတ်တွင် နိုင်ငံတော်အတွက် အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နိုင်သည့် စာရင်းကျွမ်းကျင်သူများ ဖြစ်စေရေးကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ ရန်ကုန်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို နေပြည်တော်သင်တန်းကျောင်းတွင် သင်တန်းသား ၇၈ ဦးနှင့် ရန်ကုန် သင်တန်းကျောင်းတွင် သင်တန်းသား ၇၆ ဦး စုစုပေါင်း သင်တန်းသား ၁၅၄ ဦးတို့ကို ဘာသာရပ် ခြောက်ခုဖြင့် (၁၀) လကြာ တစ်ပြိုင်တည်း ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း အမှုဆောင်များ၊ စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများကြီးကြပ်ရေး ကော်မတီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ငွေတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 06, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on November 06, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on November 01, 2025
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
