ဒီလို နိုင်ငံတော်အဆင့်အခမ်းအနားတွေ၊ ဖိုရမ်တွေမှာ လူငယ်တွေကို နေရာပေးတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ နိုင်ငံ့အကြီးအကဲ တွေရဲ့ နိုင်ငံအတွက် ဆောင်ရွက်မှုတွေကို သိရှိနားလည်အောင် ကြိုးစားကြရမယ်လို့ နားလည်လက်ခံထားတယ်။ ဒါမှ နောင်တစ်ချိန် လူငယ်တွေ နိုင်ငံ့တာဝန်တွေ ပခုံးပြောင်းထမ်းဆောင်ရတဲ့အခါ ပိုကောင်းတာတွေကို ဆောင်ရွက်နိုင်မယ်။ အဲဒီအတွက် အခုကတည်းက ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတာဟာ ကောင်းမွန်တယ်လို့ ထင်ပါတယ်
ဒီလို နိုင်ငံတော်အဆင့်အခမ်းအနားတွေ၊ ဖိုရမ်တွေမှာ လူငယ်တွေကို နေရာပေးတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ နိုင်ငံ့အကြီးအကဲ တွေရဲ့ နိုင်ငံအတွက် ဆောင်ရွက်မှုတွေကို သိရှိနားလည်အောင် ကြိုးစားကြရမယ်လို့ နားလည်လက်ခံထားတယ်။ ဒါမှ နောင်တစ်ချိန် လူငယ်တွေ နိုင်ငံ့တာဝန်တွေ ပခုံးပြောင်းထမ်းဆောင်ရတဲ့အခါ ပိုကောင်းတာတွေကို ဆောင်ရွက်နိုင်မယ်။ အဲဒီအတွက် အခုကတည်းက ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတာဟာ ကောင်းမွန်တယ်လို့ ထင်ပါတယ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 15, 2026
မောင်စောစံမြလင်း (ကရင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်)
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I) ၌ သုံးရက်တာ ကျင်းပလျက်ရှိပြီး ဖိုရမ်အတွင်း လူငယ်များ၏ စုပေါင်းဆွေးနွေးမှုများမှ ရရှိလာမည့်အမြင်သဘော ထားများ၊ အကြံပြုချက်များကို အနာဂတ်နိုင်ငံရေးအခင်းအကျင်းတွင် ထည့်သွင်းဆောင်ရွက်သွား နိုင်ရန်ရည်ရွယ်သည်။
ယနေ့ ဖိုရမ်ဒုတိယနေ့တွင် အသိပညာရှင်၊ အတတ်ပညာရှင် လူငယ်များ၊ ကျွမ်းကျင်ပညာရှင် လူငယ်များ၊ ဝန်ကြီးဌာနများမှ အတွေ့အကြုံရှိသည့် ကိုယ်စားလှယ်များက သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေးခြင်း၊ ဖိုရမ်တက်ရောက်ကြသည့် လူငယ်ကိုယ်စားလှယ်များက ခေါင်းစဉ်အလိုက် အခန်းခွဲဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထိုသို့ဖိုရမ်အတွင်း ဆွေးနွေးမှု များနှင့်စပ်လျဉ်း၍ ကျွမ်းကျင်ပညာ ရှင်လူငယ်များ၊ ပါဝင်ဆွေးနွေးကြ သူလူငယ်များ၏ အမြင်သဘောထားများ၊ အကြံပြုချက်များကို ယခုကဲ့သို့ ကြားသိခဲ့ရသည်-
မကေသီဦး
ရှမ်းပြည်နယ်
မိုင်းသောက်ဒေသပရဟိတ လူငယ်ကိုယ်စားလှယ်
ကျွန်မက ပရဟိတလုပ်ငန်း တွေကို ပါဝင်ဆောင်ရွက်ပေးနေတဲ့ လူငယ်တစ်ယောက်ဖြစ်တာမို့ ကိုယ်တတ်နိုင်သလောက်၊ ကိုယ်တတ်စွမ်းသလောက် ကိုယ့်ကျေးရွာ၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကို အမြဲ အကျိုးပြုချင်တယ်၊၊ ကျွန်မတို့လို လူငယ်တွေအနေနဲ့ ကိုယ့်ဒေသနဲ့ နိုင်ငံအတွက် လုပ်ဆောင်ပေးချင်တဲ့ အကျိုးပြုလုပ်ငန်းတွေကတော့ လူငယ်တစ်ဦးနဲ့တစ်ဦး မတူညီ နိုင်ပါဘူး။ ဒါပေမယ့် လူငယ်တွေ အနေနဲ့ အကျိုးပြုဆောင်ရွက်ပေး ချင်တဲ့ဆန္ဒက တူညီကြတဲ့အတွက် ဒီမှာ စုပေါင်းဆွေးနွေးကြတာဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ လည်း ခေါင်းစဉ်တွေက အားလုံးနဲ့သက်ဆိုင်တဲ့၊ အားလုံးကိုကိုယ်စားပြုတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ ပြီးတော့ ဆွေးနွေးမှုရလဒ်တွေကနေ လူငယ်တွေရဲ့အားနဲ့ ရှေ့ဆက်သွားနိုင်ဖို့ အဓိကထားတယ်လို့ နားလည်ထားပါတယ်။ လူငယ်တစ်ဦးအနေနဲ့ ဆက်ပြီးဆောင်ရွက်မယ့် နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အခုကျင်းပတဲ့ လူငယ်နဲ့ငြိမ်းချမ်းရေးဖိုရမ်ကနေ နိုင်ငံတည်ဆောက်ရေးအတွက် လူငယ်တွေပိုမိုပါဝင်နိုင်အောင် မြှင့်တင်ပေးတဲ့အတွက် ပိုမိုကောင်းမွန်ပြီး ငြိမ်းချမ်းတဲ့ အနာဂတ်ကိုသွားနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်၊၊ ဒီဖိုရမ်က အတွေ့အကြုံဗဟုသုတတွေ၊ အမြင်သဘောထားတွေကို ကိုယ့်ဒေသကိုယ်ပြန်ရောက်တဲ့အခါ ပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်၊၊
မောင်စောစံမြလင်း
ကရင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
ဖိုရမ်ရဲ့ ဒုတိယမြောက်နေ့မှာ ရှင်းလင်းဆွေးနွေးသွားတဲ့ ပညာရှင်တွေရဲ့ ဆွေးနွေးချက်တွေထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိုပြီး သဘောကျပါတယ်။ ကျွန်တော်တို့လို လူငယ်တွေက မူးယစ်ဆေးဝါးရဲ့ ခြိမ်းခြောက်မှုကို ခံစားနေရပါတယ်။ လူငယ်တွေကြားထဲမှာ Vape ၊ စီးကရက်တို့ သုံးစွဲမှုက ပေါများလာတယ်။ ဒီအရာတွေရဲ့ ဆိုးကျိုးတွေကို အကျယ်တဝင့်နဲ့ ရှင်းလင်းဆွေးနွေးပေးတဲ့အတွက် ကျန်းမာရေးအသိပညာတွေ ပိုပြီး တိုးပွားစေပါတယ်။ လူငယ်တွေအားလုံး မူးယစ်ဆေးဝါးရဲ့အန္တရာယ် ကို သိရှိရှောင်ရှားစေချင်ပါတယ်။ ဒီဖိုရမ်မှာ ကျန်းမာရေးအပြင်စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အသိပညာဗဟုသုတတွေ၊ AI နဲ့ ပတ်သက်တဲ့နည်း ပညာတွေ၊ လူငယ်တစ်ယောက် သိသင့်သိထိုက်တဲ့ အသိပညာတွေကို ဘက်ပေါင်းစုံကနေ သိရှိခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုပြီးရှိလာပါတယ်။ ဖိုရမ်ကနေသိရှိရတဲ့ အသိပညာ ဗဟုသုတအတွေ့အကြုံတွေကို ပြည်နယ်မှာရှိတဲ့ လူငယ်တွေကို ဆွေးနွေးပွဲတွေ၊ ရှင်းလင်းပွဲတွေကျင်းပပြီး ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။ ဒီလို နိုင်ငံတော်အဆင့် အခမ်းအနားတွေ၊ ဖိုရမ်တွေမှာ လူငယ်တွေကို နေရာပေး တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါ တယ်။ နိုင်ငံ့အကြီးအကဲတွေရဲ့ နိုင်ငံအတွက် ဆောင်ရွက်မှုတွေကို သိရှိနားလည်အောင် ကြိုးစားကြရမယ်လို့ နားလည်လက်ခံထားတယ်။ ဒါမှ နောင်တစ်ချိန် လူငယ်တွေ နိုင်ငံ့တာဝန်တွေ ပခုံးပြောင်းထမ်းဆောင်ရတဲ့အခါ ပိုကောင်းတာတွေကို ဆောင်ရွက်နိုင်မယ်။ အဲဒီအတွက် အခုကတည်းက ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတာဟာ ကောင်းမွန်တယ်လို့ထင်ပါတယ်။
မအေးမြတ်မွန်
ရခိုင်ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
ဒီနေ့ ဖိုရမ်ဒုတိယနေ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ထူးချွန်ထက်မြတ်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဆွေးနွေးတဲ့အချက်တွေကလည်း လက်တွေ့ကျ အကောင်အထည် ဖော်နိုင်တဲ့ အချက်တွေ ဖြစ်တဲ့အတွက် လေးစားအားကျမိပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း အကောင်းဆုံး ပါဝင်ကြိုးစားမယ်ဆိုတဲ့ စိတ်ခံစား မှုဖြစ်ပါတယ်။ ကျန်းမာရေးကဏ္ဍ မှာဆိုရင် မငြိမ်းချမ်းမှုတွေကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတဲ့ လူ့အသက်တွေ၊ ဝေးလံခေါင်ဖျားတဲ့ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အခြေအနေတွေ၊ ဆေးဝါးထောက်ပံ့ မှုမရရှိတဲ့ အခြေအနေတွေကို ဆွေးနွေးကြတယ်။ လူငယ်တွေအနေနဲ့ အဖွဲ့အစည်းတွေ တည်ထောင်မယ်။ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်မယ်။ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေအတွက် ကူညီပံ့ပိုးမယ်ဆိုတဲ့ ရလဒ်တွေ ဆွေးနွေးရရှိခဲ့ပါတယ်။
ကျွန်မတို့ လူငယ်တွေကကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသကို အတိုးတက်ဆုံးဖြစ်အောင် ကြိုးစားပေးချင်ကြတယ်။ ဆောင်ရွက်ပေးချင်တယ်။ အဓိကကျတဲ့နေရာတွေမှာ ပါဝင်ဆောင်ရွက်ချင်ကြပါတယ်။ ဒီစိတ်ခံစားမှုတွေက အခုဖိုရမ်မှာ တက်တက်ကြွကြွနဲ့ ဖြစ်လာတဲ့ ခံစားချက်တွေဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာက ပြိုင်တူတွန်းမှရွေ့မယ်ဆိုတဲ့စကားအတိုင်း အားလုံးပူးပေါင်းပါဝင်မှသာ ရရှိမယ့်အရာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တစ်ယောက်တည်း တည်ဆောက်လို့ရတဲ့အရာမဟုတ်ပါဘူး။
ဒီဖိုရမ်မှာ ငြိမ်းချမ်းတဲ့ဒေသနဲ့ မငြိမ်းချမ်းတဲ့ ဒေသတွေအစုံကရောက်လာတဲ့ တိုင်းရင်းသားလူငယ်အားလုံးရဲ့ ရင်တွင်းစကားသံတွေကို ကြားသိရတဲ့အချိန်မှာ ရင်းနှီးမှုတွေ၊ ချစ်ခင်မှုတွေ၊ ကိုယ်ချင်းစာစိတ်တွေဖြစ်ပေါ်ပါတယ်။ လူငယ်စကားဝိုင်းတွေ၊ လူငယ်ဖိုရမ်တွေကို နိုင်ငံတော်ကတခမ်းတနား ကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ လူငယ်တွေအတွက် ဒီလို အခမ်းအနားတွေ များများကျင်းပပေးပြီး အခွင့်အလမ်းတွေ များများဖွင့်ပေးပါလို့လည်း ပြောချင်ပါတယ်။
မရိုလီ
ချင်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ချင်းပြည်နယ်ကိုယ်စားပြု လူငယ်တစ်ယောက်အနေနဲ့ တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာပီတိဖြစ်မိပါတယ်၊၊ ဒီဖိုရမ်ကနေပြီး အတွေ့အကြုံသစ်တွေ၊ အသိအမြင်တွေ၊ ဗဟုသုတတွေရရှိခဲ့ပါတယ်၊၊ ပြီးတော့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးနဲ့ တွေ့ဆုံရလို့ အင်မတန်ပျော်ရွှင် မိပါတယ်၊၊ ဖိုရမ်မှာ လူငယ်တွေက စည်းလုံးညီညွတ်မှု ရှိကြတယ်။ မျှဝေဆွေးနွေး ညှိနှိုင်းလိုစိတ်ရှိတာကို တွေ့မြင်ခံစားရပါတယ်။ ဒေသအစုံကလာကြပေမယ့် စိမ်းမနေကြဘဲ ရင်းနှီးချစ်ခင်လွယ် ကြပြီး သူငယ်ချင်းတွေအများကြီးရတဲ့အတွက် အင်မတန်ဝမ်းမြောက်မိပါတယ်၊၊
ဒီဖိုရမ်ကြီး ပြီးသွားတဲ့အခါ နိုင်ငံအတွက် အထောက်အကူပြုမယ့်အချက်အလက်တွေ၊ အရေးပါတဲ့အချက်တွေကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်၊၊ ဒီလူငယ်ဖိုရမ်ကနေ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်ခြင်း၊ ပြောဆို ဆွေးနွေးတတ်ခြင်း၊ တိုင်းရင်းသားအားလုံးသည် တစ်မိသားစုတည်းဖြစ်သည်ဆိုတဲ့အသိကို အဓိကရရှိပါတယ်။ ဒါကြောင့် ဖိုရမ်ကနေ လူငယ်တွေရဲ့အားကို ပေါင်းစုနိုင်ပြီး ငြိမ်းချမ်းသာယာလှပတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်၊၊
ဒေါက်တာ စွမ်းဆောင်ဦး
ဒါရိုက်တာ၊ မြန်မာနိုင်ငံစွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း
လူငယ်နဲ့ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ မှာ စွန့်ဦးတီထွင်လုပ်ငန်းတွေကို လူငယ်တွေ ဘယ်လိုစတင်လုပ်ဆောင်နိုင်မယ်။ လုပ်ငန်းစတင်တဲ့အခါ ဘာတွေလိုအပ်မယ် ဆိုတဲ့ အချက်တွေကို ဒီနေ့ဆွေးနွေး သွားမှာဖြစ်ပါတယ်၊၊ အခုခေတ်မှာ ကျယ်ပြန့်လာတဲ့ နည်းပညာရပ်ကို ဘယ်လိုအသုံးပြုပြီး ဆောင်ရွက်မယ်။ ဘယ်လိုအကောင်အထည် ဖော်မယ်ဆိုတဲ့ အခန်းကဏ္ဍတွေ ကို ဆွေးနွေးသွားမယ်။ အဓိက ကတော့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် အချက်တွေကို ဦးစားပေးဆွေးနွေးသွားမှာ ဖြစ်ပါတယ်၊၊
လူငယ်တွေအတွက် အချက်လေးချက်ကို အဓိကထား မျှဝေချင် ပါတယ်။ ပထမဆုံး အချက်အနေနဲ့ လက်တွေ့လုပ်ငန်းခွင်မှာ ဒီဂရီတွေ၊ ဘွဲ့တွေ မြင့်မြင့်မားမားရနေ မှ မဟုတ်ပါဘူး။ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးဝင်မယ့် ကွန်ပျူတာ၊ အင်္ဂလိပ်စာနဲ့ Accounting အပိုင်းတွေမှာ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ဖို့ အခြေခံလိုအပ်ပါမယ်၊၊ ဒုတိယ အချက်က စီးပွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ Networking ကောင်းဖို့၊ အသင်းအဖွဲ့တွေနဲ့ ပါဝင်လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ပါ။ တတိယက လုပ်ငန်းမစခင်မှာ စမ်းသပ်လုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်မယ့် ပတ်ဝန်းကျင်ပါ၊၊ ဥပမာအနေနဲ့ Boot Camp လိုမျိုးပါ။ နိုင်ငံတော်အစိုးရအနေနဲ့ Boot Camp နေရာမျိုး ဖန်တီးပေးထားမယ်။ ဒီလို နေရာမျိုးမှာ လူငယ်တွေကို လာရောက်စေမယ်။ လူငယ်တွေက ကိုယ့်လုပ်ငန်း၊ ကိုယ့် Product တွေကို Coding တွေရေးပြတာမျိုး၊ ဒီရလဒ်တွေကို ဒိုင်တွေက အကဲဖြတ်အမှတ်ပေး တာမျိုးနဲ့ ပြိုင်ပွဲတွေလုပ်ဆောင် ပေးတာမျိုးတွေပါ။ အဲဒီကနေမှ Financial Grant ပေးတာမျိုးက လူငယ်တွေအတွက် Motivation ရပါတယ်၊၊ နောက်ဆုံးကတော့ Ecosystem စနစ်ပါ။ လူငယ်တွေ သူတို့လုပ်ကိုင်ချင်တဲ့ လုပ်ငန်းကို စွန့်ဦးတီထွင်မှုတွေနဲ့ စတင်လုပ်ဆောင်နိုင်ဖို့ လွယ်ကူတဲ့ စနစ်တွေရှိနေဖို့ပါ၊၊ ဒီဟာတွေ အတွက် လက်ရှိနိုင်ငံရေးအခင်း အကျင်းမှာတော့ စိန်ခေါ်မှုတွေရှိနေနိုင်ပါတယ်၊၊ ကိုယ်ရဲ့ဖြစ်ချင် တဲ့ဆန္ဒ၊ အိပ်မက်အတွက် ကြိုးစားရင်းနဲ့ ကျဆုံးမှုဆိုတာရှိနိုင်ပါတယ်။ သို့သော်လည်း လူငယ်ဆိုတာ စွမ်းအားရှိတဲ့အရင်းအမြစ်တစ်ခုပါ။ စွမ်းအားရှိပြီးသားဖြစ်တဲ့အတွက် ကြိုးစားနေဖို့ပဲလိုပါတယ်။ ဘယ်လောက်ပဲ External Environment က အခက်အခဲရှိပါစေ။ ကိုယ်ရဲ့ Internal Environment Skill တွေ ဖြည့်ဆည်းတိုးမြှင့်နေရင် အောင်မြင်ဖို့အသေအချာပါပဲ၊၊ ဒါကြောင့် ကြိုးစားနေဖို့ပဲ အရေးကြီးပါတယ်၊၊ ကျွန်တော်တို့နိုင်ငံက ကောင်းတဲ့ အပြောင်းအလဲတွေ၊ အခွင့်အလမ်းတွေအများကြီး ရှိလာမယ်။ ပြီးတော့ လူငယ်တွေအတွက်လည်း အခွင့်အလမ်းကောင်းတွေ ရှိလာမယ်ဆိုတာ ယုံကြည်တယ်၊၊
တွေ့ဆုံမေးမြန်း- မျိုးဆက်သစ်
ဓာတ်ပုံ - အောင်မင်းထွန်း
သတင်းစာများ
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on January 15, 2026
ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း
ကာကွယ်ရေးဝန်ကြီးဌာန / Posted on January 15, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၃-၁-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသောအမှုများစာရင်း
အခွန်အယူခံခုံအဖွဲ့ / Posted on January 14, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၃-၁-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသောအမှုများစာရင်း
