ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)တွင် သင်တန်းများ ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေး


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ Nay Pyi Taw / April 22, 2025


နေပြည်တော် ဧပြီ ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၂၀ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့်အတူ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးသည်။ တွေ့ဆုံပွဲတွင် ဒုတိယပါမောက္ခချုပ်က မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပင်မသုံးထပ်စာသင်ဆောင်နှင့် အခြားထိခိုက်ပျက်စီးမှု အခြေအနေများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အင်ဂျင်နီယာအသင်း လာရောက်စစ်ဆေးမှု မှတ်တမ်းများ၊ နိုင်ငံတော်အကြီးအကဲ၏ ကြည့်ရှုစစ်ဆေးမှုနှင့် လမ်းညွှန်ချက်များကို ရှင်းလင်းတင်ပြပြီး အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း တိတိကျကျ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး ဒုတိယဝန်ကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့သည် ကျောင်းဖွင့်ချိန်၌ သင်တန်းများကို ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းများဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပင်မသုံးထပ်စာသင်ဆောင်ရှိ လော်ဘီ၌ ကွန်ကရစ်တိုင်များ၊ Bean လိုင်းများ နှင့် လှေကားခွင်တွင် Structure နှင့် Strength ထိခိုက်ပျက်စီးမှုအခြေအနေများ၊ မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်တို့တွင် ကွန်ကရစ်တိုင်များ၊ Bean လိုင်းများ၊ နံရံများ၊ မျက်နှာကျက်များ၊ လှေကားခွင်များ၊ Joint အဆက် ကော်လံတိုင်များတွင် ထိခိုက်ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

နေ့လယ်ပိုင်း၌ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)သို့ ရောက်ရှိပြီး အဆိုပါ သိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်းပက်)တို့မှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။ တွေ့ဆုံစဥ် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဝန်ထမ်းများက သာမန်အဆင့် အသေးစားထိခိုက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်းက ဖြည့်စွက် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က လိုအပ်သည်များ မှာကြားပြီး လုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။ ​​​​​​​

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023