ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကွန်ပျူတာတက္ကသိုလ်(ပြည်) ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကွန်ပျူတာတက္ကသိုလ်(ပြည်) ကြည့်ရှုစစ်ဆေး
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / September 16, 2025
နေပြည်တော် စက်တင်ဘာ ၁၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်း၌ ပဲခူးတိုင်းဒေသကြီးရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်)သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက ပင်မဆောင်၌ ခင်းကျင်း ပြသထားသော ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး အပါအဝင် တန်ခိုးကြီးဘုရားကြီး များဆိုင်ရာ Pagoda Digital Directory Website ဆောင်ရွက်ပြီးစီးမှု၊ ကမ္ဘာ့အမွေအနှစ်ဒေသ သရေခေတ္တရာမြို့ဟောင်းနှင့် အခြားဒေသများကို Website နှင့် QR codeများ ဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စက်ရုပ်များ၊ ဆိုလာစွမ်းအင် စနစ်တွက်ချက်မှုများ၊ လုံခြုံရေးစနစ်များ၌ AI နည်းပညာ အသုံးပြု သုတေသနလုပ်ငန်းများမှ ရလဒ်များကို ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီးက သုတေသနရလဒ်များမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝများ စဥ်ဆက်မပြတ်မြှင့်တင်ရေးတွင် လက်တွေ့ကျကျ အသုံးချနိုင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ပြောင်းလဲတိုးတက်မှုနှုန်း မြန်ဆန်နေသည့် AI နည်းပညာအရွေ့တို့နှင့်အတူ လိုက်ပါနိုင်ပြီး နိုင်ငံ့အကျိုးပြု IT ပညာရှင်များနှင့် သုတေသနများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး သုတေသနဂုဏ်ပြုဆုများ၊ နည်းပညာ၊ သုတနှင့် ရသစာအုပ်များကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း(ပြည်)သို့ ရောက်ရှိပြီး တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး လိုအပ်ချက် တင်ပြမှုများကို ပေါင်းစပ်ဖြည့်ဆည်းပေးပြီး ဒုတိယဝန်ကြီးက ဒေသတွင်းကုန်ကြမ်းအခြေပြု စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ဖော်ဆောင်ပေးနိုင်မည့် သင်တန်းများကို စံနှုန်းများနှင့်အညီ စဥ်ဆက်မပြတ် ဖွင့်လှစ်သွားရန် မှာကြားပြီး ဂုဏ်ပြုဆုများ၊ သုတနှင့် ရသစာအုပ်များကို ပေးအပ်သည်။
နေ့လယ်ပိုင်း၌ ဒုတိယဝန်ကြီးသည် ပြည်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာနက ဆောင်ရွက်ထားသော ဆိုလာထုတ်လုပ်စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ထိန်းချုပ်စနစ်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ သုတနည်းပညာ အင်ဂျင်နီယာဌာနတို့ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတေသနလုပ်ငန်းများမှ ရလဒ်များကို ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီးက နိုင်ငံတော် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တစ်တပ်တစ်အား အထောက်အကူပြုနိုင်သည့် သုတေသနရလဒ်များ ရရှိသည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် တွေ့ဆုံပွဲ၌ ဒုတိယဝန်ကြီးသည် လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများထံ သုတေသနဂုဏ်ပြုဆုများကို ချီးမြှင့်ကာ နည်းပညာ၊ သုတနှင့် ရသစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 18, 2025
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြု...
အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 18, 2025
အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း
တာဝန်မှအနားယူခွင့်ပြုခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 18, 2025
တာဝန်မှအနားယူခွင့်ပြုခြင်း