ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများ၏ ပို့ကုန်/သွင်းကုန် အစားအစာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဆိုင်ရာ ညီလာခံ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 20, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများအကြားအစားအစာနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ကုန်သွယ်မှုကဏ္ဍတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် “Deepen Cooperation Mechanism, Promote Agrifood Trade”ခေါင်းစဉ်ဖြင့် ကျင်းပသည့် ညီလာခံသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

အဆိုပါညီလာခံကို ပို့ကုန်၊ သွင်းကုန် အစားအစာ ဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်၌ နည်းလမ်းများ အပြန်အလှန်ဖလှယ်နိုင်ရန်၊ အစားအစာနှင့် စိုက်ပျိုးရေး ထုတ်ကုန်များနှင့် စပ်လျဉ်း၍ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ ဆက်သွယ်ချိတ် ဆက်ရေးနှင့် လေ့လာရေးခရီးစဉ်များမှတစ်ဆင့် အတွေ့အကြုံများမျှဝေနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ညီလာခံဖွင့်ပွဲတွင် ရှန်ဟိုင်းမြူနီစီပယ်အစိုးရ အကြီးအကဲကအဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲနှင့် ဖိုရမ်များဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်က “Myanmar’s Import & Export Food Safety Cooperation under the Belt and Road Initiative”ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးသည်။

တက်ရောက်

ညီလာခံသို့ တောင်အာဖရိကနိုင်ငံ၊ ဘိုလီဗီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ တူကီယဲနိုင်ငံ၊ ဥဇဘက် ကစ္စတန်နိုင်ငံ၊ ယီမင်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တက်ရောက်လာကြသူများသည် အစည်းအဝေးအပြီးတွင် ရှန်ဟိုင်းမြို့ရှိ Waigaoqiao Global Hub၊ Pudong New Area Enterprise၊ Shanghai Customs Building ရှိ “2025 Shanghai Urban Space Art Exhibition” နှင့် Shanghai Yu Garden တို့ကို လေ့လာရေးခရီး သွားရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ကပ်ထားကြေညာမည့်နေ့ရက် အသိပေးကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 19, 2025

၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 16, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on October 17, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023