ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy ရှိ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy ရှိ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ
ပညာရေးဝန်ကြီးဌာန/ Naypyitaw / January 10, 2026
နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမ များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲက နေပြည်တော်ကို ပညာရေးမြို့တော် ဖြစ်လာစေရေးဦးတည်ချက်ဖြင့် Naypyitaw State Academy ကို မြန်မာနိုင်ငံ၏ ဦးဆောင် တက္ကသိုလ်ဖြစ်လာစေရန် မျှော်မှန်းကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ပညာရပ်အမျိုးအစားများ စုံလင်စွာသင်ယူနိုင်သည့် တစ်ခုတည်းသော ဘက်စုံလွှမ်းခြုံသည့် Comprehensive University ဖြစ်ပါကြောင်း၊ တက္ကသိုလ်၏ အောင်မြင်မှုသည် မူဝါဒမှန်ကန် ကောင်းမွန်မှု၊ ပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ လုပ်ဆောင်မှု အပေါ်တွင် တည်မှီနေပါကြောင်း။
သို့ဖြစ်၍ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှု အားကောင်းလာစေကာ ပညာတတ်အောင် သင်ကြား၊ သွန်သင်ပေးစေလိုပါ ကြောင်း၊ အတတ်ပညာနှင့် အသိပညာရှိသော လူတော်လူကောင်းများ၊ ပညာတတ်များ ဖြစ်အောင် သင်ကြားဆုံးမပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏ သင်ကြားမှုအရည်အသွေး မြှင့်တင်ရန် အတွက် ခေါင်းစဉ်လေးမျိုးဖြစ်သော အပြန်အလှန် ဆွေးနွေးခြင်းဖြင့် သင်ကြား သင်ယူနည်းစနစ်၊ ပညာရေးတွင် အေအိုင်ကို အသုံးပြုနည်းစနစ်၊ သင်ကြားသင်ယူမှုနှင့် ပရောဂျက်များတွင် စာကြည့်တိုက်နှင့် အင်တာနက်ကို အသုံးချနည်းစနစ်၊ စဉ်းစားတွေးခေါ်မှု အရည်အသွေးငါးမျိုးကို မြှင့်တင်နိုင်သည့် လေ့ကျင့်ခန်းနည်းစနစ်များကို အပတ်စဉ်ဌာနအလှည့်ကျ ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လိုအပ်ချက် များ၊ အကြံပြုချက်များကို မေးမြန်းကာ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 19, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 18, 2026
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 17, 2026
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း
