ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် စာမေးပွဲဖြေဆိုနေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 17, 2026
image_latest


နေပြည်တော် မတ် ၁၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွား ရေးတက္ကသိုလ်နှင့် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်များတွင် စာမေးပွဲဖြေဆိုကြမည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ ပထမနေ့ တက္ကသိုလ်စာမေးပွဲ စိတ်အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ နိုင်ငံတကာတက္ကသိုလ်များ၏ ဥပဓိရုပ်၊ ဖွဲ့စည်းပုံ၊ သင်နည်းစနစ်၊ စီမံခန့်ခွဲမှုစနစ်တို့ကို လေ့လာသုံးသပ်၍ ကမ္ဘာ့အဆင့်မီပညာရပ်များကို အရည်အချင်းပြည့်ဝသော ဆရာများက သင်ကြားပေးနိုင်ရေး မျှော်မှန်းချက် ချမှတ်ကြိုးပမ်းကြရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း (ရှမ်းတဲ) စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို စိတ်အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဝင်းအတွင်း စာသင်ဆောင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

ဗီဒီယိုများ