ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး မကွေးတိုင်းဒေသကြီးအတွင်းရှိ သစ်တောစိုက်ခင်းများ၊ ပျိုးဥယျာဉ်များ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး မကွေးတိုင်းဒေသကြီးအတွင်းရှိ သစ်တောစိုက်ခင်းများ၊ ပျိုးဥယျာဉ်များ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 25, 2026
နေပြည်တော် မေ ၂၄
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် ယမန်နေ့က မင်းဘူးမြို့နယ် ကန်ရေပျိုးဥယျာဉ်နှင့် ရွှေတပင်အမြဲတမ်းပျိုးဥယျာဉ်တို့တွင် ပျိုးပင်များ ရှင်သန်အောင်မြင်မှုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများအတွက် မြေနေရာပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မင်းဘူးမြို့နယ် ရွာသာယာကျေးရွာရှိ ဒေသခံပြည်သူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရေးနှင့် သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးပြီး ဒေသခံပြည်သူများအတွက် စွမ်းအားမြှင့် အေဝမ်းမီးဖိုများ၊ ရွာသာယာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်များနှင့် လစဉ်ထုတ် သစ်တောကြေးမုံစာစောင်များ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် သစ်တောဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် မကွေးမြို့နယ် ဒေါင်းနေ (တိုးချဲ့) ကြိုးပြင်ကာကွယ်တောအတွင်းရှိ (၁/၂၀၂၆) အထူးစိမ်းကွက်လပ်ဖြည့်စိုက်ခင်း၊ မကွေး-ရေနံချောင်းကားလမ်းမိုင်တိုင်အမှတ် (၃၄၀/၂) အနီးလမ်းဘေးဝဲ/ယာတွင် တည်ထောင်စိုက်ပျိုးထားသည့် အပင် ၄၀၀ စိုက်ခင်းကိုလည်းကောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် သစ်တော ဦးစီးဌာနတို့မှ (၂၀၂၄/၂၀၂၅) မိုးရာသီတွင် စိုက်ပျိုးခဲ့သော လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများ ရှင်သန်အောင်မြင်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on July 19, 2024
Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 02, 2023

