ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)၊ မော်တော်ယာဉ်နည်းပညာသုတေသနဌာနနှင့် ဇီဝနည်းပညာသုတေသနဌာနများသို့ ကြည့်ရှုစစ်ဆေး


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / June 05, 2026


နေပြည်တော်၊ ဇွန် ၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းသည် ဇွန်လ ၃ ရက်တွင် ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) သို့ သွားရောက်၍ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှု အခြေအနေများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံ များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)သည် ရတနာပုံ ဆိုက်ဘာစီးတီးစီမံကိန်းအတွက် နည်းပညာအခြေပြု ဝန်ဆောင်မှုများနှင့် နည်းပညာကျွမ်းကျင်သည့် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရမည်ဖြစ်ကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းသည် အနာဂတ်တွင် ဒစ်ဂျစ်တယ်နှင့် နည်းပညာအခြေပြု ကဏ္ဍများ၌ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ဘာသာရပ်အလိုက် ကျွမ်းကျင်မှု၊ တီထွင်ဖန်တီးနိုင်မှုနှင့် လုပ်ငန်းခွင်အသင့်ဖြစ်မှုတို့ဖြင့် မြှင့်တင်ကြရန်နှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် ပါဝင်ဆောင်ရွက်ရန်တိုက်တွန်းမှာကြားခဲ့ပါသည်။

ဇွန်လ ၄ ရက်တွင် ဒုတိယဝန်ကြီးသည် မော်တော်ယာဉ်နည်းပညာသုတေသနဌာနသို့ သွားရောက်၍ လျှပ်စစ်သုံးမော်တော်ယာဉ် (EV) နည်းပညာနှင့် မွေးမြူရေးကဏ္ဍ IoT နည်းပညာ အသုံးချ သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက EV သုတေသနများကို နိုင်ငံ၏ စွမ်းအင်ထိရောက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် MSME ကဏ္ဍများအတွက် အလေးထားဖော်ထုတ်လေ့လာရန်နှင့် IoT နည်းပညာအခြေပြု မွေးမြူရေး သုတေသနများကိုလည်း ကုန်ကျစရိတ်လျှော့ချပြီး ကုန်ထုတ်စွမ်းအားမြင့်မားရေး၊ စမတ်စိုက်ပျိုး မွေးမြူရေးစနစ်နှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးတို့အတွက် လက်တွေ့အသုံးချနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထိုမှတစ်ဆင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)သို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ AI နည်းပညာကို သင်ယူရေးနှင့် နည်းပညာလုပ်ငန်းများတွင် အထောက်အကူပြု ကိရိယာအဖြစ် မှန်ကန်စွာအသုံးချပြီး မိမိတို့၏ အသိပညာနှင့် ဆန်းသစ်တီထွင်နိုင်စွမ်းများကို စဉ်ဆက်မပြတ် မြှင့်တင်ကြရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။

ဇွန်လ ၅ ရက်တွင် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသုတေသနဦးစီး ဌာနသို့ ရောက်ရှိကာ သုတေသနလုပ်ငန်းများအား ဒေသတွင်းကုန်ထုတ်လုပ်မှု၊ MSMEs လုပ်ငန်းများ နှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝကို တိုက်ရိုက်အကျိုးပြုသည့် လက်တွေ့အသုံးချသုတေသန (Applied Research) များ ဖြစ်လာစေရေး အလေးထားဆောင်ရွက်ရန်နှင့် သုတေသနရလဒ်များကို နည်းပညာလွှဲပြောင်းပေးခြင်း၊ လက်တွေ့အသုံးချခြင်းတို့ဖြင့် Innovation Ecosystem ဖွံ့ဖြိုး တိုးတက်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 04, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

ဗီဒီယိုများ