ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေး အဆင့်မြှင့်တင်ထားသည့် Bar Code / QR Code စနစ်ဖြင့် စက်သုံးဆီများစိစစ်ရောင်းချမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 28, 2026
image_latest


နေပြည်တော် မတ် ၂၇

ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့မှုရှိစေရေးနှင့် အရောင်းဆိုင်များတွင် ယာဉ်တန်းစီမှု ပိုမိုလျှော့ချနိုင်ရေးတို့အတွက် အဆင့်မြှင့်တင်ထားသည့် Bar Code / QR Code စနစ်ဖြင့် ယာဉ်၏စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများစိစစ်ရောင်းချခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် ယနေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရောင်းချပေးလျက်ရှိ Online Monitoring Center တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့ရှိ အရောင်းဆိုင်များမှ ယာဉ်၏စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများ စိစစ်ရောင်းချပေးနေမှုကို အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်လျက်ရှိကြောင်း၊ ယခု Bar Code / QR Code စနစ်ကို ရန်ကုန် မန္တလေး လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ဆက်လက်အကောင်အထည်ဖော်နိုင်ရေး သင်တန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ Bar Code / QR Code ဖြင့် Scan ဖတ်ယူရန် အခက်အခဲရှိသည့်ယာဉ်များ၊ လုပ်ငန်းသုံးမော်တော်ယာဉ်ငယ်များနှင့် အခြားလုပ်ငန်းသုံးကဏ္ဍများအတွက် လိုအပ်သည့်စက်သုံးဆီများကိုလည်း မှတ်တမ်းထားရှိ၍ ရောင်းချပေးလျက်ရှိကြောင်း၊ အရောင်းဆိုင်များအနေဖြင့် ဝယ်ယူခွင့်ရှိသည့်ပမာဏများအတိုင်း ရောင်းချပေးလျက်ရှိပြီး အရောင်းဆိုင်များတွင် ပြတ်လပ်မှုမရှိစေရေး စီစဉ်ထားရှိကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများနှင့် ဆက်စပ်ဌာနများမှ ပူးပေါင်းအဖွဲ့များဖြင့်လည်း အရောင်းဆိုင်များသို့  မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရောင်းဆိုင်များတွင် စက်သုံးဆီအလုံအလောက်ရှိသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လိုအပ်သလောက်သာဝယ်ယူစေလိုကြောင်း၊ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက တိုင်ကြားနိုင်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးသွားနိုင်ရေး Call Center ဖွင့်လှစ်ထားရှိကြောင်းနှင့် နည်းပညာဆိုင်ရာအခက်အခဲများနှင့် အခြားတင်ပြတိုင်ကြားလိုပါက ဆက်သွယ်ရန် Call Center ဖုန်းနံပါတ်များဖြစ်သည့် ဖုန်း - ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆ ၊ Viber - ၀၉ ၄၀၁၇၄၈၅၉၈ တို့ကို တိုင်းကြားနိုင်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on March 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 26, 2026

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက်...

ဗီဒီယိုများ