ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့၌ ကျောင်းအပ်နှံရေးလှုပ်ရှားမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ပညာရေးဝန်ကြီးဌာန/ Yangon / May 30, 2026


ရန်ကုန် မေ ၃၀

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဒါးက အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ရွက်နေမှုနှင့် ကျောင်းဆောင်သစ် တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၃၅)အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၇)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းဆောင်သစ် တည်ဆောက်ရန် ရွေးချယ် သတ်မှတ်ထားသည့် မြေနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်း‌ဆောင်ရွက် ပေးခဲ့‌ကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 04, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

ဗီဒီယိုများ