ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 10, 2026
နေပြည်တော် ဇွန် ၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်သည် ဇွန် ၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် သီလဝါအထူးစီးပွားရေးဇုန်ရှိ PEB Steel Myanmar Co., Ltd. ပိုင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် SP Petpack Inter Group Co., Ltd. ပိုင် စက်ရုံတွင် ကော်ပုံးအမျိုးမျိုး ထုတ်လုပ်နေမှု၊ Guston Amava Co.,Ltd ပိုင် စက်ရုံအတွင်း အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ Ball Asia Pacific (Yangon) Metal Container Limited ပိုင် အလူမီနီယံ ဘူးခွံထုတ်လုပ်သည့်စက်ရုံနှင့် Lightion Myanmar Co., Ltd. ပိုင် အီလက်ထရောနစ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံများ လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ One Stop Service Center (OSSC) တွင် တာဝန်ထမ်းဆောင်နေသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 08, 2026
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on June 08, 2026
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 04, 2026
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

