ဒုတိယဝန်ကြီး ဦးသိုက်စိုး အုတ်ကြွပ်အမိုးပြားများ ထုတ်လုပ်နိုင်ရေး လေ့လာကြည့်ရှု
ဒုတိယဝန်ကြီး ဦးသိုက်စိုး အုတ်ကြွပ်အမိုးပြားများ ထုတ်လုပ်နိုင်ရေး လေ့လာကြည့်ရှု
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 30, 2026
နေပြည်တော် ဇန်နဝါရီ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသထွက် အုတ်ကြွပ်အမိုးပြားလုပ်ငန်းများ အရည်အသွေးမြင့် စက်မှုကုန်ထုတ်လုပ်ငန်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ လမ်းညွှန်မှာကြားချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးဦးဆောင်သောအဖွဲ့နှင့် စက်မှုဝန်ကြီးဌာန အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးဆောင်သောအဖွဲ့တို့သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာအုပ်စု ရေတာရှည်ကျေးရွာရှိ စက်မှုဝန်ကြီးဌာနအမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃၂) အကြီးစားစက်ရုံသို့လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသ ကြီး သာယာဝတီမြို့ရှိ စက်မှုဝန်ကြီးဌာန အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃၄) အကြီးစား စက်ရုံသို့လည်းကောင်း သွားရောက်ကြည့်ရှုလေ့လာသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် သာယာဝတီခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့သွားရောက်၍ ဝန်ကြီးဌာနအောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့် ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ သန္ဓေပင်ရပ်ကွက်ရှိ Natural Clay ကုမ္ပဏီလီမိတက်၏ အုတ်ကြွပ်အမိုးပြားစက်ရုံနှင့် ပဲခူးတိုင်းဒေသကြီး ဘူးလယ်အင်းကျေးရွာရှိ ကိုဝေဇင်၏ တစ်နိုင်တစ်ပိုင် အုတ်ကြွပ်အမိုးပြား ထုတ်လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 30, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ