ဒုတိယဝန်ကြီး ဦးသိုက်စိုး “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်၊ ဝါဖိစက်နှင့် ရက်ကန်းရုံရှိ BOD များ၊ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ
ဒုတိယဝန်ကြီး ဦးသိုက်စိုး “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်၊ ဝါဖိစက်နှင့် ရက်ကန်းရုံရှိ BOD များ၊ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / April 06, 2026
နေပြည်တော် ဧပြီ 6
ဝါစိုက်တောင်သူများ ဈေးကွက်ရရှိစေရန်နှင့် ဝါကြိတ်စက်၊ ရက်ကန်းစက်များအတွက် ကုန်ကြမ်း များရရှိစေနိုင်ရေး ရည်ရွယ်၍ နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ အသင်းအမှုဆောင်များ၊ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက် “လှ” ချည်မျှင် ထုတ်လုပ်ရေး သမဝါယမအသင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဝါစိုက် အသင်းသားတောင်သူများ တက်ရောက်ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်မှချမှတ်ထားသော စီးပွားရေး ဦးတည်ချက် (၃)ရပ်အနက် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဆိုသည့် အချက်အား အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက် ရန်အတွက် မိမိတို့ ကဏ္ဍအလိုက် အထောက်အကူပြု ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့်လည်း ဝါအထွက်နှုန်းများ တိုးတက်နိုင်စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဝါကြိတ်စက် များကို ပြည်တွင်း၌ထုတ်လုပ်ရန်လိုကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်း ဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး လမ်းညွှန်ထားရှိသည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် အရည်အသွေး ကောင်းမွန်သော ချည်မျှင်များ ရရှိနိုင်ရေး၊ ပန်းတိုင် အထွက်နှုန်း ရရှိရေး၊ ငွေကြေး၊ အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်များရရှိရေး ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း။
သမဝါယမကဏ္ဍမှ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် (Agro-based) Industry လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသင်းသားတောင်သူများ စိုက်ပျိုးထွက်ရှိသည့် ထွက်ကုန် များကို ဝယ်ယူပြီး ထုတ်လုပ်မှုအသင်းများမှ ကိုယ်တိုင် ကြိတ်ခွဲထုတ်လုပ်ရောင်းချနိုင်ရေးအတွက် သမဝါယမဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေများရယူ၍လည်းကောင်း၊ အသင်းပိုင်ငွေများ ဖြင့်လည်းကောင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါကြောင်း။ သမဝါယမကဏ္ဍမှ ဝါစိုက်ဧက ၉၀၀၀၀ ကျော် လျာထားအကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ် လျက်ရှိပါကြောင်း။
ယခုကဲ့သို့ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်ကို တည်ထောင်နိုင် ခြင်းအားဖြင့် နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့် မြို့နယ်များမှ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်သော ဝါများကို ဈေးကောင်းပေး၍ ဝယ်ယူကာ ကြိတ်ခွဲထုတ်လုပ်ပေးနိုင်သည့်အတွက် တောင်သူများအတွက် ဈေးကွက်ရရှိကာ ဈေးနှိမ်ခံရသည့်ကိစ္စများဖြစ်လာခြင်း မရှိတော့ပါကြောင်း။
နေပြည်တော်ကောင်စီအတွင်း၌ ယခုကဲ့သို့ သမဝါယမကဏ္ဍမှ ဝါကြိတ်စက်၊ ဝါဖိစက်နှင့် စက်ရက်ကန်းရုံ တည်ထောင်လည်ပတ်ခြင်းဖြင့် ပြည်တွင်းချည်ချောထုတ်လုပ်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ပြည်တွင်းသုံးစွဲမှု ဖူလုံရုံသာမက ပြည်ပသို့ပါ တိုးမြှင့်တင်ပို့နိုင်ရေး အတွက် ဝါစိုက်ပျိုးထုတ်လုပ်သူများ၊ ဝါလုပ်ငန်းရှင်များ၊ သမဝါယမဦးစီးဌာနအဆင့်ဆင့်မှ တာဝန်ရှိ သူများ အားလုံးအနေဖြင့် သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုပ်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
“လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ ရက်ကန်းစက်ရုံတွင် ရက်ကန်းစင် ၃၅ စင်တပ်ဆင်လည်ပတ်ရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိ စင် ၂၀ လည်ပတ် လျက်ရှိပါကြောင်း။ ရက်ကန်းစင် တစ်စင်သည် ၈ နာရီတစ်ဆိုင်းလျှင် ပိတ် ၈၀ ကိုက် ထွက်ရှိပြီး တစ်ရက်လျှင် ပိတ်အုပ်ကိုက် ၁၂၀ ထွက်ရှိပါကြောင်း။ စက်ရုံမှ ကလေးအနှီးပိတ်များ၊ ဆေးရုံ ဆေးခန်းသုံး ပတ်တီးများ၊ စောင်၊ လုံချည်၊ အထက်ဆင်များကို ရက်လုပ်ကြောင်း သိရသည်။
ဝါကြိတ်စက်အတွက် စက်ရုံမှ တပ်ကုန်းမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်များ ရှိ ကျေးရွာသမဝါယမအသင်းသား ဝါစိုက်တောင်သူများထံမှ ၂၀၂၅-၂၀၂၆ ဝါရာသီမှာ ဝါပိဿာချိန် ၁၀၅၀၀၀ ကို ပြင်ပပေါက်ဈေးထက် ဈေးပိုပေး၍ ဝယ်ယူပေးနိုင်ခဲ့ပြီး လာမည့် ၂၀၂၆-၂၀၂၇ နှစ်တွင် ပိဿာချိန် ၃ သိန်းခန့် ဝယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် ဝါကြိတ်ခွဲ၍ ထွက်ရှိလာသော ဝါစေ့များကိုလည်း ကြိတ်ခွဲ၍ ဆီထုတ်လုပ်နိုင်ရေး အတွက် ဆီကြိတ်စက် တပ်ဆင်လည်ပတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာရှိ ဆီစက်ကို စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 06, 2026
မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 06, 2026
မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 06, 2026
အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။
