ဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ ဆက်လက်ကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / March 15, 2026
image_latest


နေပြည်တော် မတ် ၁၃ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄) ဖြင့် ဆောင်ရွက်သည့် “ဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ" ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M–Gallery ဟိုတယ်၌ ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသောဧည့် သည်တော်များ၊ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာပညာ ရှင်များ နှင့်တာဝန်ရှိသူများတက်ရောက်သည်။ အစီအစဉ်အရ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် တာဝန်ရှိသူများနှင့်တရုတ်နိုင်ငံမှပညာရှင်များက ဒေသတွင်းနိုင်ငံများ၏ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုနှင့် အောင်မြင်နေသည့်လုပ်ငန်းများအ ကြောင်း၊ အနာဂတ်လုပ်ငန်းခွင်နှင့် ဒစ်ဂျစ်တယ်ကျမ်းကျင်မှုအကြောင်း၊ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု၊တိုးတတ်မှုအခြေအနေနှင့်တွေ့ရှိချက်များ၊ SSID Online Registration Platform နှင့် SSID E -Commerce Platform ဆောင်ရွက်ထားရှိမှုအခြေအနေများကို မျှဝေဆွေးနွေးကြသည်။ ဆက်လက်၍ လုပ်ငန်းအောင်မြင်ရေးအတွက် လုပ်ငန်းရှင်များ၏ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုမြှင့်တင်ရေး ဆိုင်ရာလိုအပ်ချက်များနှင့် သိလိုသည်များအတွက် အုပ်စုဖွဲ့၍ ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းမှ ရရှိလာသည့်အချက်များကို ပြန်လည်မျှဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား သည်။ ယင်းနောက် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Myanmar National Human Rights Commission Statement No. (3/ 2026)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on March 16, 2026

ဗီဒီယိုများ