နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 04, 2026
image_latest


နေပြည်တော် မတ် ၃

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။

ဆုများအသီးသီး ပေးအပ်ချီးမြှင့်

ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ ပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေး ပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြ သည်။

သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ သင်တန်းဆင်းနိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါသည် -

၁။ သင်တန်းဆင်းပြီဆိုတော့ ကျွန်တော်အခုအလွန်ပျော်မိပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာတော့ ကျွန်တော့်ကို တာဝန်ပေးတဲ့နေရာမှာ တာဝန်ကိုကျေပွန်အောင် အကောင်းဆုံးထမ်းဆောင်သွားပါမယ်လို့ ပြောချင်ပါတယ်။ ဆရာကြီးများက ကျွန်တော့်ကို စစ်ပညာနဲ့ ပတ်သက်တဲ့ အခြေခံစစ်ပညာဆိုင်ရာတွေကို အစစအရာရာအကုန်လုံးကို သင်ကြားပေးပါတယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိလာသလိုမျိုးခံစားမိပါတယ်။ အရင်ကအရပ်သား ဘဝထက်စာရင်တော့ အခုအခြေအနေကို ပိုပြီးဂုဏ်ယူမိပါတယ်။ စစ်သားကောင်း တစ်ယောက်ဖြစ်အောင် အမြဲကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။ ကျွန်တော့်ကိုပေးအပ်တဲ့ တာဝန်အပေါ်မှာ အကောင်းဆုံးအတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။ တပ်မတော်သားတစ်ယောက်ဖြစ်သွားတဲ့ အချိန်မှာ ကျွန်တော့်ကို ကျွန်တော်အမြဲဂုဏ်ယူမိပါတယ်။ အရင်ကထက်စာရင် ယုံကြည်မှုအများကြီး ပိုရှိလာပါတယ်။ တပ်မတော်က ပေးအပ်တဲ့ တာဝန်တွေကိုလည်း အကောင်းဆုံးကြိုးစားသွားပါမယ်။

၂။ ပြောင်းလဲမှုကတော့ အများကြီးရှိပါတယ်။ ရောက်ခါစတုန်းကတော့ အခက်အခဲတွေ အများကြီးရှိတာပေါ့။ အရပ်သားဘဝကနေ လာတာဆိုတော့ တပ်မတော်နဲ့ အထိအတွေ့မရှိဘူးဆိုတော့ အခက်အခဲတွေရှိခဲ့ပါတယ်။ စစ်မြေပြင်မှာဆိုရင်တော့ တစ်ယောက်တည်း ဆောင်ရွက်ဖို့လည်း မဖြစ်နိုင်ပါဘူး။ အဲဒီတော့အဖွဲ့လိုက် စနစ်နဲ့ပဲသွားတာဖြစ်တဲ့အတွက် အဖွဲ့လိုက်ကြိုးစားတတ်အောင် ဆရာတွေက အများကြီးသင်ပေးထားပါတယ်။ ဆရာတွေသင်ပေးထားတဲ့အတိုင်းပဲ ကျွန်တော်တို့ စစ်မြေပြင်ရောက်သွားရင်လည်း စစ်နည်းဗျူဟာရပ်တွေ၊ စစ်ပညာတွေကို အကောင်းဆုံးအသုံးချသွားပါမယ်လို့ ပြောချင်ပါတယ်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 03, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန / Posted on March 03, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Myanmar National Human Rights Commission Statement No. ( 2 / 2026)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on March 02, 2026

The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,

ဗီဒီယိုများ