နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 25, 2025
image_latest


နေပြည်တော် မေ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေးသည်။

ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်က တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေများ၊ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး၊ တရားဥပဒေစိုးမိုးရေး၊ အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်နေသူများ မရှိစေရေး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မဲခေါင်မြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး၊ တရားမဝင်လူကုန်ကူးမှုများ မရှိစေရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိမှု၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မှုနှင့် အခြားလိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်လာပါက အစဉ်အမြဲဂရုပြုနေရန်နှင့် အလေးအနက်ထား ဆောင်ရွက်သွားရန်လို

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်များအလိုက် မိမိတို့တာဝန်ယူထားရသည့်နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်လိုကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်လာပါက အစဉ်အမြဲ ဂရုပြုနေရန်နှင့် အလေးအနက်ထားဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားပြည့်ဝနေရန် လိုအပ်မည်ဖြစ်ပြီး တစ်ဦးချင်းစီအလိုက်၊ တပ်ရင်းတပ်ဖွဲ့အလိုက် လေ့ကျင့်ရမည်ဖြစ်သကဲ့သို့ လေ့ကျင့်ရေးသင်တန်းကျောင်းများကလည်း အမြဲမပြတ်လေ့ကျင့်ပေးနေရန်လိုအပ်မည်ဖြစ်ကြောင်း၊ အဆင့်ဆင့်သော ခေါင်းဆောင်များကိုယ်တိုင်က စည်းကမ်းကောင်းမှသာလျှင် စည်းကမ်းကောင်းမွန်ပြီး တိုက်စွမ်းရည်တိုက်စွမ်းအားကောင်းမွန်သည့်တပ်များ ဖြစ်လာမည် ဖြစ်ကြောင်း။

တပ်ဌာနချုပ်များ၊ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ နယ်မြေဒေသ၏ မြေအနေအထားနှင့် သတင်းအချက်အလက်များ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားမှသာလျှင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့လုပ်သင့်သည်များကို မှန်မှန်ကန်ကန်ဆောင်ရွက်နေမည်ဆိုပါက မည်သည့်စစ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုမဆို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

တပ်မိသားစုဝင်များ၏ သက်သာချောင်ချိရေး ဖြည့်ဆည်းဆောင်ရွက်ပေးရမည်

သက်သာချောင်ချိရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ထောက်ပံ့ငွေများကို တိုးမြှင့်ပေးလျက်ရှိကြောင်း၊ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ပေးခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိမှုကို ဖော်ဆောင် ပေးနိုင်ရမည်ဖြစ်ကြောင်း၊ အနီးကပ်ကြပ်မတ်ကွပ်ကဲနေရသည့်တပ်မှူးများအနေဖြင့် မိမိတပ်နှင့် မိမိစစ်သည်များ၏ လုပ်ငန်းခွင်အခက်အခဲများ၊ အုပ်ချုပ်မှုဆိုင်ရာအခက်အခဲများနှင့် စားဝတ်နေရေး ဆိုင်ရာ အခက်အခဲများကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲခတ်သိရှိနေရန်လိုပြီး တတ်နိုင်သရွေ့ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်တစ်ဦးချင်း၏ စားရေး၊ နေရေး၊ ဝတ်ရေး၊ ကျန်းမာရေးတို့ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်သည့်အတွက် ၎င်းတို့၏ လူနေမှုဘဝမြှင့်တင်ရေးနှင့် စည်းကမ်းစနစ်တကျ နေထိုင်သွားလာစားသောက်မှု ဖြစ်စေရေးအတွက် အနီးကပ်ကွပ်ကဲနေရသည့် တပ်မှူးများက ထိန်းသိမ်းတည့်မတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။

စစ်သည်တစ်ဦးချင်းအနေဖြင့် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို ပိုင်နိုင်စွာ တတ်မြောက်ရမည်၊ တပ်ဆင်ပေးထားသည့် လက်နက်ကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင် ရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက အရည်အချင်းရှိသည့် တပ်ရင်း၊ တပ်ဖွဲ့များ ဖြစ်လာမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွားဖော်ဆောင်ရေးတို့ကိုလည်း သက်ဆိုင်ရာ နယ်မြေအလိုက်ရှိ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on May 22, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on May 23, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023