နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗထူးတပ်မြို့ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များ၊ သင်တန်းကျောင်းများအား လိုက်လံကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 23, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၃

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဗထူးတပ်မြို့ရှိ နယ်မြခံတပ်ရင်း/ တပ်ဖွဲ့များ၊ သင်တန်းကျောင်းများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သုံးထပ်စာသင်ဆောင် ရှင်းလင်းဆောင်၌ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ တပ်မတော်(ကြည်း)အရာခံနှင့်အကြပ်ကြီးသင်တန်းကျောင်း ကျောင်းအုပ်ကြီးများက နယ်မြေလုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ တပ်တည်ဆောင်ရေးလုပ်ငန်းကြီး(၄)ရပ်နှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက သိရှိလိုသည်များမေးမြန်း၍ လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် ကျောင်းအုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)သည် အဖွဲ့ဝင်များလိုက်ပါ၍ မွန်းလွဲပိုင်းတွင် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တပ်ရင်းရုံး၌ တပ်ရင်းမှုးက ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ဆောင်ရွက်ရာတွင် အမှန်တကယ်အောင်မြင်ဖြစ်ထွန်းအောင် လုပ်ဆောင်ကြရန်၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်အသား၊ ငါး၊ အသီးအရွက်များအား တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် လုံလောက်ဖူလုံစွာရရှိနိုင်ရန်နှင့် ပိုလျှံပါက နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ သက်သာချောင်ချိရေးအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချရန်၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဖြစ်သည်နှင့်အညီ ဒေသတွင်းစံပြဖြစ်အောင်နှင့် အောင်မြင်ဖြစ်ထွန်းအောင် ရည်မှန်းချက်ထား၍ ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုးမွေးမြူရေးဇုန်အတွင်း မြေစိုက်ရေခံအဆောက်အအုံနှင့် လေလုံအအေးပေးအဆောက်အအုံအတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ Al သားစပ်ခြင်းမှ DYL မျိုးမြင့် သားပေါက်ဝက်များ၊ မျိုးမြင့်ဝက်သိုးနှင့် နို့စားနွားများ မွေးမြူထားရှိမှု၊ နေကြာပန်းများဝန်မှုံကူးမှု လွယ်ကူအဆင်ပြေစေရန်အတွက် ဆီနေကြာနှင့် ပျားအိမ်များ ယှဉ်တွဲစိုက်ပျိုးမွေးမြူထားရှိရာ အောင်မြင်ဖြစ်ထွန်းနေမှု၊ Green House အတွင်း ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ မျိုးစေ့ထုတ်ပိုးခန်းအတွင်း ရွှေဖုရုံ၊ ဗူး၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ရုံးပတီ၊ မုန့်ညှင်းနှင့် ခရမ်းများကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့်မျိုးစေ့များ ထုတ်ပိုးနေမှုနှင့် သိုလှောင်ခန်းအတွင်း မျိုးစေ့များ သိုလှောင်ထားရှိမှု၊ ကျောက်စိမ်း၊ တစ်သျှူး၊ သီးမွှေး ငှက်ပျောစိုက်ပျိုးထားရှိမှုများ၊ မျိုးစေ့များ ခင်းကျင်းပြသထားရှိမှု၊ လား/မြင်းချေးမှ သဘာဝမြေဆွေး စမ်းသပ်ထုတ်လုပ်ထားရှိမှုများ၊ ရောဂါကာကွယ်ဆေးများ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် အစာစပ်စက်ရုံမှ ထုတ်လုပ်သည့် တိရစ္ဆာန်အစားအစာများ ခင်းကျင်းပြသထားရှိမှု၊ ဗထူးစမ်းမှ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် နေကြာ ၁၀ ဧကမှ နေကြာဆီများ ထုတ်လုပ်အောင်မြင်ဖြစ်ထွန်းနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းမှ ထုတ်လုပ်သည့် လား/မြင်းချေးမှ သဘာဝမြေဆွေး မြေဩဇာ ၁ အိတ်လျှင် ငွေကျပ် ၁၀၀၀၀ သာ ကျသင့်ပြီး စပါး/နေကြာ ၁ ဧကလျှင် ၁၀ အိတ်ခန့် အသုံးပြုခြင်းအားဖြင့် အထွက်နှုန်း ပိုမိုတိုးတက်ကောင်းမွန်စေပြီး ပြင်ပထုတ်အခြားမြေဩဇာများထက် များစွာကုန်ကျ စရိတ်သက်သာကြောင်း သိရှိရသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်နယ်ရှိ နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကား ပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဆေးရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား လိုက်လံကြည့်ရှုပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုအခြေအနေများကို လိုက်လံမေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်သည်။

အလားတူ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များသည် အမျိူးသမီးနှင့်ကလေးကုသဆောင်သို့သွားရောက်၍ ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဆေးရုံစားရိပ်သာအတွင်း လူနာများအတွက် ညနေစာ ထမင်း၊ ဟင်းများပြင်ဆင်ထားရှိမှု၊ တပ်မတော်အကြီးအကဲမှ ဖြည့်ဆည်းပေးထားသည့် Portable Digital Dental သွားဓာတ်မှန်စက်နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် ရောဂါရှာဖွေမှု အထောက်အကူပြုသည့် CT Scan စက်အသစ် တပ်ဆင်စမ်းသပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် ဇနီးတို့သည့် အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် ဆေးရုံအတွက် ဆေးပဒေသာပင်အလှူငွေများကို ပေးအပ်ရာ ဆေးရုံတပ်မှူးက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံသင်တန်းကျောင်းများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး မိသားစုများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အား ပေးစကားပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် သင်တန်းကျောင်း စားရိပ်သာများအလိုက် သင်တန်းသားများ ညနေစာသုံးဆောင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 23, 2026

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 23, 2026

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် အမျိုးသားလွှတ်တော်ထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 23, 2026

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် အမျိုးသားလွှတ်တော်ထုတ်ပြန်

ဗီဒီယိုများ