နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား အခွန်အယူခံခုံအဖွဲ့နှင့် အခွန်အယူခံခုံအဖွဲ့ရုံး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနား
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား အခွန်အယူခံခုံအဖွဲ့နှင့် အခွန်အယူခံခုံအဖွဲ့ရုံး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနား
အခွန်အယူခံခုံအဖွဲ့/ နေပြည်တော် / April 27, 2026
နေပြည်တော် ဧပြီ ၂၄
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းအား အခွန်အယူခံခုံအဖွဲ့နှင့် အခွန်အယူခံခုံအဖွဲ့ရုံး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)နာရီတွင် အခွန်အယူခံခုံအဖွဲ့ရုံး၊ ရုံးအမှတ်(၅၇) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ဒုတိယဝန်ကြီး ဦးထင်ကျော်သူ၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။
ဦးစွာ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးမှ ပြည်ထောင်စုဝန်ကြီးနှင့် အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင်များအား မိတ်ဆက်ပေးခဲ့ပြီး အခွန်အယူခံခုံအဖွဲ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ယင်းနောက် အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်မှ ပြည်ထောင်စုဝန်ကြီးနှင့် အခွန်အယူခံခုံအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများအား မိတ်ဆက်ပေးခဲ့ပြီး အခွန်အယူခံခုံအဖွဲ့ရုံး ဖွဲ့စည်းပုံ၊ ဝန်ထမ်းရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး နေ့လယ် (၁၂:၀၀) နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ အခွန်အယူခံခုံအဖွဲ့ရုံး ရုံးခန်းများအားလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ တို့တွေ့ဆုံစကားပြောနေစဉ်
အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးမှ ပြည်ထောင်စုဝန်ကြီးနှင့် အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင်များအား မိတ်ဆက်ပေးနေစဉ်
အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးမှ အခွန်အယူခံခုံအဖွဲ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြနေစဉ်
အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်မှ ပြည်ထောင်စုဝန်ကြီးနှင့် အခွန်အယူခံခုံအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများအား မိတ်ဆက်ပေးနေစဉ်
ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်မှ အခွန်အယူခံခုံအဖွဲ့ရုံး ဖွဲ့စည်းပုံ၊ ဝန်ထမ်းရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြနေစဉ်
ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားနေစဉ်
ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားနေစဉ်
ပြည်ထောင်စုဝန်ကြီးမှ အခွန်အယူခံခုံအဖွဲ့၏ ပထမ(၅)နှစ်တာသက်တမ်းကာလနှင့် ယခု ဒုတိယ(၅)နှစ်တာသက်တမ်းကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းစာအုပ်များ ပြုစုထားရှိမှုအပေါ် ကြည့်ရှုလေ့လာစဉ်
ပြည်ထောင်စုဝန်ကြီးမှ အခွန်အယူခံခုံအဖွဲ့၏ ပထမ(၅)နှစ်တာသက်တမ်းကာလနှင့် ယခု ဒုတိယ(၅)နှစ်တာသက်တမ်းကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းစာအုပ်များ ပြုစုထားရှိမှုအပေါ် ကြည့်ရှုလေ့လာစဉ်
ပြည်ထောင်စုဝန်ကြီးမှ အခွန်အယူခံခုံအဖွဲ့က ကြားနာစစ်ဆေးစီရင်ဆုံးဖြတ်ပြီးသည့် အမှုများကို မှတ်တမ်းတင်ထားသည့် Case Management System (CMS)အား ကြည့်ရှုလေ့လာစဉ်
ပြည်ထောင်စုဝန်ကြီးမှ အခွန်အယူခံခုံအဖွဲ့၏ Website အား ကြည့်ရှုလေ့လာစဉ်
ပြည်ထောင်စုဝန်ကြီးမှ အခွန်အယူခံခုံအဖွဲ့ရုံး စာကြည့်တိုက်အား ကြည့်ရှုလေ့လာစဉ်
ပြည်ထောင်စုဝန်ကြီးမှ အခွန်အယူခံခုံအဖွဲ့ရုံး စာကြည့်တိုက်အား ကြည့်ရှုလေ့လာစဉ်
ပြည်ထောင်စုဝန်ကြီးမှ သုံးပါးထိုင်တရားခွင်အား ကြည့်ရှုလေ့လာစဉ်
ပြည်ထောင်စုဝန်ကြီးမှ သုံးပါးထိုင်တရားခွင်အား ကြည့်ရှုလေ့လာစဉ်
ပြည်ထောင်စုဝန်ကြီးမှ အခွန်အယူခံခုံအဖွဲ့ရုံး စုပေါင်းခန်းမအား ကြည့်ရှုလေ့လာစဉ်
ပြည်ထောင်စုဝန်ကြီးမှ စုံညီတရားခွင်အား ကြည့်ရှုလေ့လာစဉ်
ပြည်ထောင်စုဝန်ကြီးမှ အခွန်အယူခံခုံအဖွဲ့က ကြားနာစစ်ဆေးစီရင်ဆုံးဖြတ်ပြီးသည့်အမှုများ သိမ်းဆည်းထားသည့် အမှုမှတ်တမ်းခန်းအား ကြည့်ရှုလေ့လာစဉ်
ပြည်ထောင်စုဝန်ကြီးမှ အခွန်အယူခံခုံအဖွဲ့က ကြားနာစစ်ဆေးစီရင်ဆုံးဖြတ်ပြီးသည့်အမှုများ သိမ်းဆည်းထားသည့် အမှုမှတ်တမ်းခန်းအား ကြည့်ရှုလေ့လာစဉ်
သတင်းစာများ
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on April 27, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 27, 2026