နိုင်ငံတော်၏ ဂုဏ်သိက္ခာအတွက် ကြိုးပမ်းဆောင်ရွက်မှုအသိအမှတ်ပြု
နိုင်ငံတော်၏ ဂုဏ်သိက္ခာအတွက် ကြိုးပမ်းဆောင်ရွက်မှုအသိအမှတ်ပြု
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 11, 2026
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ နိုင်ငံတော်တစ်ဝန်းအတွင်းရှိ မြို့နယ် ၂၆၃ မြို့နယ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေးအတွက် အဓိကတာဝန်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအားလုံး၊ သက်ဆိုင်ရာမြို့နယ်အလိုက် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအားလုံးကို အသိအမှတ်ပြုကြရမည်ဖြစ်သလို ရွေးကောက်ပွဲများ၌ တက်တက်ကြွကြွ လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများအားလုံးကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၉ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားရာ တွင် “ရွေးကောက်ပွဲပြုလုပ်ချိန်တွင် ပါဝင်မဲပေးခဲ့ကြသည့် ပြည်သူများကို များစွာကျေးဇူးတင်ရှိပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားလက်ခံပြီး နိုင်ငံ၏ဂုဏ်သိက္ခာနှင့်အညီ နိုင်ငံကြီးသားပီသစွာဖြင့် စည်းစနစ်တကျဖြင့် အေးချမ်းစွာပါဝင်ဆန္ဒမဲပေးခဲ့ကြခြင်းသည် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ကိစ္စရပ် ပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆန္ဒမဲပေးခွင့်ရှိသူ လူဦးရေ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိသဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိခဲ့သည်။ နိုင်ငံတကာရွေးကောက်ပွဲများနှင့်ပတ်သက်၍ ထုတ်ပြန်ထားသောစာရင်းများအရ ၂၀၂၅ ခုနှစ်နှင့် အနီးဆုံးကာလများတွင် အထွေထွေရွေးကောက်ပွဲများကို နိုင်ငံပေါင်း ၁၉၉ နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့်အနက် နိုင်ငံ ၅၀ တွင် မဲပေးမှုရာခိုင်နှုန်း ၅၄ ရာခိုင်နှုန်းထက် နည်းပါးနေသည်ကို တွေ့ရသည်။ ယင်းတို့တွင် ပြင်သစ်၊ အယ်လ်ဂျီးရီးယား၊ ဘူလ်ဂေးရီးယား၊ အီဂျစ်၊ ခရိုအေးရှား၊ ဂျမေကာ၊ ဂျပန်စသည့် ဒီမိုကရေစီထွန်းကားပြီး နိုင်ငံများလည်း ပါဝင်သည်ကိုတွေ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုကျင်းပပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲသည် အောင်မြင်သည့်ရွေးကောက်ပွဲဟု ဆိုနိုင်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် အဓိကရည်မှန်းချက်ဖြင့် နိုင်ငံတော်ကို တာဝန်ယူခဲ့ခြင်း ဖြစ်သည်။ ယခုကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပပြုလုပ်ပေးနိုင်ခဲ့သည်။ ရွေးကောက်ပွဲကျင်းပရာ တွင် နိုင်ငံတော်အနေဖြင့် ငွေကြေးကုန်ကျမှု များစွာရှိသော်လည်း ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ငွေကုန်ကြေးကျမှုများကို သက်သာ စေသကဲ့သို့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း စနစ်တကျ စီမံဆောင်ရွက်နိုင်ခဲ့သည်။
ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးပြီဖြစ်၍ မကြာမီကာလတွင် ပြည်သူများမျှော်လင့်နေသော ဒီမိုကရေစီအခင်းအကျင်းသစ်ကို စတင်ဖော်ဆောင်တော့မည်ဖြစ်သည်။ လာမည့်မတ်လတွင် လွှတ်တော်ခေါ်ယူ၍ အစည်း အဝေးများကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ သက်ဆိုင်ရာလွှတ်တော် အဆောက်အအုံများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့် ရှောက်မှုပေးရေးစသည့် အဘက်ဘက်မှ လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ပြည်သူများလိုလားသည့်၊ ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ အကောင်အထည်ပေါ်လာရန်အတွက် နိုင်ငံတော် အစိုးရက မွန်မြတ်သည့်စေတနာဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်မှတ်တမ်းများကို စနစ်တကျ ပြုစုဆောင်ရွက်ထားရန် နိုင်ငံတော် အကြီးအကဲ၏ တိုက်တွန်းချက်နှင့်အညီ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များအလိုက် အချက်အလက်များ မှန်မှန်ကန်ကန် စနစ်တကျ မှတ်တမ်းတင်ပြုစုထားပြီး ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့သစ်အား မှန်ကန်သည့် အချက်များနှင့် နိုင်ငံတော်၏တာဝန်များကို ချောချောမွေ့မွေ့ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရပါကြောင်း။ ။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 10, 2026
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက်...
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 10, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 10, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...
