နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ် ဖြစ်စေရေး စဥ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / February 06, 2026


နေပြည်တော် ဖေဖော်ဝါရီ ၆

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဥ်(Electric Vehicle ၊ EV)ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ ယနေ့‌ နေ့လယ်ပိုင်း၌ Hybrid စနစ်ဖြင့် ကျင်းပသည့် EV ပြုပြင်ထိန်းသိမ်းမှု သင်တန်း (၁/၂၀၂၆) ဆင်းပွဲ အခမ်းအနားကို လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။

အခမ်းအနားသို့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းဆင်းများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ မီးခိုးငွေ့များထုတ်လွှတ်သည့် ယာဥ်များသုံးစွဲမှုအစား EV သုံးစွဲမှုမှတစ်ဆင့် ရုပ်ကြွင်းလောင်စာအပေါ်မှီခိုရမှုနှင့် စက်သုံးဆီအတွက် နိုင်ငံခြားငွေ ကုန်ကျစရိတ်များကို လျှော့ချနိုင်ရေး၊ လေထုနှင့် အသံညစ်ညမ်းမှုများ လျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှု အပါအဝင် အခြားဆုလာဘ်များကို ပြည်သူတို့ ရရှိခံစားနိုင်စေရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒ ချမှတ်ကာ လုပ်ငန်းကော်မတီ ၅ ခုတို့က ညွှန်ကြားချက်များအတိုင်း တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ သင်တန်းဆင်းပွဲသည် ရလဒ်အခြေခံကောင်းတစ်ခုအဖြစ် မှတ်ယူနိုင်ပါကြောင်း။

သင်တန်းဆင်းများသည် သင်တန်းတွင် လေ့ကျင့်တတ်မြောက်ပြီးဖြစ်သည့် EV ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာများနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ သက်တမ်းပြည့် သုံးစွဲနိုင်ရေး၊ အသိပညာများကို သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် အကျိုးရှိထိရောက်စွာ ပြန်လည်အသုံးချကြရန်၊ လုပ်ဖော်ကိုင်ဖက်များကို ပြန်လည်မျှဝေကြရန် အပြင် ပြည်သူများအပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေး နိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ အပြိုင်အဆိုင်ဖြင့် ဖွံ့ဖြိုးမှုမြန်ဆန်လျက်ရှိသော EV နည်းပညာ အရွေ့များ အတိုင်း အမီလိုက်ပါနိုင်ရေးနှင့် နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ် ဖြစ်စေရေးအတွက် ကိုယ်စီ ကျွမ်းကျင်တတ်မြောက်ပြီးဖြစ်သည့် EV နည်းပညာများကို အခြေခံကာ စဥ်ဆက်မပြတ် လေ့လာလျက် ကြိုးပမ်း လေ့ကျင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်းအုပ်ကြီးက သင်တန်းဆင်းများထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။ ယင်းနောက် သင်တန်းဆင်းတစ်ဦးက သင်တန်းဆင်းများ အားလုံး ကိုယ်စား ကျေးဇူးတင်စကား ပြောကြားပါသည်။

သင်တန်းတွင် EV နည်းပညာဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ သင်တန်းကာလ သုံးပတ်အတွင်း တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၆ နာရီနှုန်းဖြင့် ပို့ချခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ EV ကုမ္ပဏီများနှင့် ကားဝပ်ရှော့များမှ သင်တန်းသား ၁၈ ဦးနှင့် ဌာနဆိုင်ရာ သင်တန်းသား ၇ ဦး တက်ရောက်ခဲ့ကြသည်။ ပြင်ပ EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်နှင့် တက်ရောက်နိုင်မည့်ကာလတို့အပေါ်မူတည်၍ သင်တန်းများကို တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 08, 2026

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 08, 2026

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 05, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023