နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်းများ စတင်ဖွင့်လှစ်၊ ကလေးငယ်များ ပျော်ရွှင်စွာ တက်ရောက်လျက်ရှိ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန/ နေပြည်တော် / May 05, 2026

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရှေးဦးအရွယ်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ပညာသင်နှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်းကြိုကျောင်းများ ကို မေလ ၄ ရက်မှစတင်ကာ ဖွင့်လှစ်လျက်ရှိသည်။
    ထိုသို့ ဖွင့်လှစ်ရာတွင် အသက် (၃) နှစ်မှ (၅) နှစ်အတွင်းရှိ ကလေးသူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိပြီး နေပြည်တော်အတွင်းရှိ သက်ဆိုင်ရာ မူလတန်းကြိုကျောင်းအသီးသီးတွင် ကလေးငယ်များအား ကစားစရာများနှင့် သင်ထောက်ကူပစ္စည်းများကိုလည်း ပြည့်စုံစွာ စီစဉ်ထားရှိရာ ကလေးသူငယ်များမှာ ပျော်ရွှင်ချမ်းမြေ့စွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။
    ထို့အပြင် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း မိမိတို့၏ ရင်သွေးငယ်များကိုငယ်စဉ်ကတည်း က စနစ်တကျ လေ့ကျင့်ပေးနိုင်သည့် မူလတန်းကြိုကျောင်းများသို့ စိတ်အေးချမ်းသာစွာ လာရောက်အပ်နှံထားရှိကြကြောင်းနှင့် ကျောင်းများဖွင့်လှစ်မှုကြောင့် ကလေးငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်မှုများစွာ အထောက်အကူပြုလျက်ရှိပါသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on May 29, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 29, 2026

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

ဗီဒီယိုများ