နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / January 22, 2026
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးရွာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် ၂ ဒီဂရီဆဲလ်ဆီးယပ် လျော့နည်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်ဆီးယပ် ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့နှင့် ဟဲဟိုးမြို့တို့တွင် ၁.၂ ဒီဂရီဆဲလ်စီးယပ်စီ၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)တွင် ၃.၀ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့နှင့် မိုင်းယန်းမြို့တို့တွင် ၄.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ ပင်လောင်းမြို့တွင် ၄.၅ ဒီဂရီဆဲလ်စီးယပ်၊ တီးတိန်မြို့တွင် ၅.၇ ဒီဂရီဆဲလ်စီးယပ်၊ လားရှိုးမြို့တွင် ၆.၄ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်ကော်မြို့တွင် ၆.၇ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ရွှေမြို့တွင် ၇.၈ ဒီဂရီဆဲလ်စီးယပ်နှင့် ပြင်ဦးလွင်မြို့နှင့် တောင်ကြီးမြို့တို့တွင် ၈.၃ ဒီဂရီဆဲလ်စီးယပ်စီ တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်မှာ မြိတ်မြို့တွင် ၀.၁၂ လက်မ ဖြစ်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 21, 2026
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ရပါသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 21, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 21, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ
