နွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် တောင်သူများ၏ ဝင်ငွေတိုးတက်ရေး၊ နွားမျိုးကောင်းမျိုးသန့်များ ပွားများလာစေရန် ဝိုင်းဝန်းကြိုးပမ်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 31, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၃၀

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ နွားများ၏ သားအောင်နှုန်းကို လေ့လာဆန်းစစ်ခြင်း၊ အရည်အသွေးအကဲဖြတ်စစ်ဆေးခြင်းနှင့် သားအောင်ရန် လိုအပ်သည်များကို စီမံဆောင်ရွက်ခြင်းဖြင့် နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်း စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယခုစီမံကိန်းတွင် ဆောင်ရွက်ခဲ့သည့် နွားအမများ၏ မျိုးပွားအင်္ဂါလမ်းကြောင်းများကို ခေတ်မီစက်ကိရိယာများဖြင့် စစ်ဆေးသုံးသပ်ခြင်း၊ Ultrasound စက်ကြီးများ၊ Hormone စမ်းသပ်ကိရိယာများ၊ မြိုင်လာမှုအခြေအနေကို စစ်ဆေးသော ကိရိယာများနှင့် မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးစနစ်များကို အသုံးပြုခြင်းအားဖြင့် နွားများ၏ မျိုးပွားမှုအခြေအနေကို တိကျမှန်ကန်စွာသိရှိနိုင်ပြီး မျိုးပွားချိန်ကို မှန်ကန်စွာရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ စက်ကိရိယာများဖြင့် စနစ်တကျစစ်ဆေးခြင်းကြောင့် မျိုးမအောင်မှုပြဿနာများ လျော့နည်းစေကာ မျိုးကောင်း၊ မျိုးသန့်၊ မျိုးမြင့် တိရစ္ဆာန်များ တိုးတက်ပွားများလာစေပြီး နိုင်ငံတော်၏ သားငါးထုတ်လုပ်မှု ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုရာရောက်မည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း စီမံကိန်းမှရရှိခဲ့သည့် သုတေသနရလဒ်များကို လက်တွေ့နယ်ပယ်တွင် ဆက်လက်အသုံးချပြီး တစ်နိုင်ငံလုံးက နွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် တောင်သူများ၏ ဝင်ငွေတိုးတက်ရေး၊ နွားမျိုးကောင်းမျိုးသန့်များ ပွားများလာစေရန် အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပါမောက္ခ ဒေါက်တာစိုးဝင်းနိုင်နှင့် တာဝန်ရှိသူများက စီမံကိန်းရေးဆွဲခဲ့သည့် ရည်ရွယ်ချက်နှင့် စီမံကိန်း work plan ပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် သုတေသနလေ့လာမှုနှင့်စပ်လျဉ်း၍ တွေ့ရှိချက်များ၊ စီမံကိန်းတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် နွားများ၏ ကျန်းမာရေးစောင့်ရှောက်ရာတွင် ကုသခြင်းဆိုင်ရာ တွေ့ရှိချက်များကို တင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က စီမံကိန်းပြီးမြောက်အောင် ဆောင်ရွက်ရာတွင် ပါဝင်ခဲ့ကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းရပ်များကို တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်းအပေါ် ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။                           

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 30, 2025

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023