ပန်းတိုင်အထွက်ရရှိရေးနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဌာနနှင့်တောင်သူများ ပူးပေါင်းဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 24, 2025
image_latest


နေပြည်တော် ဇွန် ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် မောင်းရမ်းတောင်သူပညာပေးစင်တာတွင် ဒေသခံ စပါးစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံပွဲဆွေးနွေးစဉ် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး လယ်သမားများနှင့် စဉ်ဆက်မပြတ် ကွင်းဆင်းထိတွေ့ပြီး စိုက်ပျိုးရေးနည်းပညာပေးရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး၊ AI နည်းပညာကို တောင်သူများ အကျိုးရှိထိရောက်စွာ အသုံးပြုတတ်စေရန် စွမ်းဆောင်ရည်မြှင့်တင် ပညာပေးခြင်းများ ဆောင်ရွက်ရန်၊ မိုးရာသီတွင် ရေထုတ်ရန်ခက်ခဲသည့် လယ်မြေများအတွက် ရေနေခံ စပါးမျိုးကဲ့သို့ ရေနစ်ခံနိုင်သည့် စပါးမျိုးကို ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ချက်များ၊ ပန်းတိုင်အထွက် နှုန်းထက်မြင့်မားသည့် တောင်သူအရေအတွက် များနိုင်သမျှများအောင်ဆောင်ရွက်ရန်နှင့် အထွက်နှုန်းများသည့် တောင်သူများ လိုက်နာကြသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များကို မှတ်တမ်းတင်ထားရှိရန် လိုအပ်ချက်များ ဆွေးနွေးပြောကြားသည်။

ရှင်းလင်းပြသ

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများ၏ ယခင်ခေတ်အဆက်ဆက် စိုက်ပျိုးခဲ့ကြသည့် စပါးမျိုးနှင့် ၎င်းတို့၏ အရည်အချင်းလက္ခဏာများအပေါ် တောင်သူများ၏ အမြင်များ၊ ယခင်ကအောင်မြင်ခဲ့သည့် မနောသုခကဲ့သို့ စပါးမျိုးများ၏ သမိုင်းကြောင်းနှင့် လက်ရှိတွင် တောင်သူများလိုအပ်သည့် စပါးမျိုး၌ ရှိရမည့်အရည်အချင်းလက္ခဏာများ၊ အသက်ရက် ၁၂၀ ထက် မကြီးဘဲ အပင်အမြင့် သုံးပေခွဲခန့်နှင့် အပင်တောင့်တင်းကာ အနှံကောင်းမွန်ပြီး စားသုံးမှုအရည်အသွေး ကောင်းမွန်သည့် စပါးမျိုးလိုအပ်မှု၊ စပါးသီးနှံ ရိတ်သိမ်းချိန်တွင် သီးနှံလေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ရန် တို့ကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး လုပ်ကွက်ငယ် တောင်သူများအနေဖြင့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မောင်းရမ်းအုပ်စု ကွင်း၌ စိုက်ပျိုးပြသထားသည့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာ နနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော YAR-14၊ YAR-10၊ YAR-07၊ ဆင်းရွှေ ရင်-၃၊ ဆင်းရွှေရင်-၂၊ ဆင်းရွှေရင်-၁၊ အောင်နိုင်တိုး စသည့် စပါးမျိုး ရှစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် များ၏ အောင်မြင်ဖြစ်ထွန်းနေမှုများကို ဆွေးနွေးပွဲတက်ရောက်လာသော တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြ သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သုတေသီများ၊ စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများ၊ ဇလောင်း၊ မောင်းရမ်း၊ မင်းကုန်း၊ တောင်ညို၊ သရက်တောကျေးရွာများမှ တောင်သူ ၅၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 23, 2025

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့်...

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on June 20, 2025

Myanmar National Human Rights Commission Statement (6/ 2025)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on June 20, 2025

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023