ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2026
image_latest


ရန်ကုန် မေ ၃

ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာ ပါသာဏလိုဏ်ဂူ သိမ်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇသန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသအမှူးပြုသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသမဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များအား လှူဒါန်းရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာစီမူ ကျမ်းစာအုပ်များအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များက အလှူငွေများ လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် မဟာထေရ်မြတ်က အနုမောဒနာနှင့် ရေစက်သွန်းချတရားဟောကြားချီးမြှင့်တော်မူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာတင်အဋ္ဌကထာကျမ်းစာ ၅၁ အုပ် ကွန်ပျူတာစာမူပြုစုခြင်းလုပ်ငန်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ခဲ့ခြင်းဖြစ်ကာ စာမူစိစစ်ရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ပုံနှိပ်ထုတ်ဝေပြီးစီးခဲ့ပြီး ယခုကဲ့သို့ ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်း စတင်ဆောင်ရွက်လျက်ရှိပြီး ဋီကာကျမ်းစာနှစ်အုပ်ပြီးစီးပြီး ကျန်စာအုပ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပုံနှိပ်ထုတ်ဝေပြီးသော အဋ္ဌကထာကျမ်းစာ ၅၁ အုပ်ကို သာသနာရေးဦးစီးဌာနက e-book စနစ်ဖြင့် ဖတ်ရှုနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိ၍ ယခုပြုစုထုတ်ဝေခဲ့သော ဆဋ္ဌမူကွန်ပျူတာ စာစီကျမ်းစာများကို ပရိယတ္တိသာသနာပြန့်ပွားအောင် ဆောင်ရွက်တော်မူကြသည့် သံဃာတော်များ၏ စာချစာသင်လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ဓမ္မဒါနကုသိုလ်ယူပါဝင်လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

ဗီဒီယိုများ