ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 10, 2025


      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၆၅ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ နေပြည်တော်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးဇေယျာမင်း(၄၅)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် MGY-5/ 3R-XXXX SOUEAST အမျိုးအစား မော်တော်ယာဉ်သည် လမ်းဘေးတွင် ရပ်နားထားစဉ် လားရာတူ နောက်မှ ယာဉ်မောင်း ဦးဉာဏ်မြင့်(၄၉)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် BGO-11/2I-XXXX NISSAN CONDOR အမျိုးအစား မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ ယာဘက်မြေသားလမ်းပေါ်သို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အုတ်ရှစ်ကုန်း အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။ 
     အဆိုပါဖြစ်စဉ်မှ ယာဉ်အမှတ် MGY-5/3R-XXXX SOUEAST အမျိုးအစား မော်တော်ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦးအနက် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ SOUEAST အမျိုးအစား မော်တော်ယာဉ်၏ နောက်ပိုင်းဝဲဘက်ထောင့် ပိန်ချိုင့်၊ နောက်လေကာ မှန်ကွဲ၊ NISSAN CONDOR အမျိုးအစား မော်တော်ယာဉ်၏ ရှေ့ခေါင်းယာဘက်ပိုင်း ပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ ဝဲဘက်တံခါးမှန်ကွဲ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မော်တော်ယာဉ်အား အမြန်လမ်းမကြီးပေါ်တွင် ရပ်တန့်ခွင့်ပြုထားခြင်းမရှိဘဲ ရပ်တန့်သူ ဇေယျာမင်းနှင့် ပေါ့ဆစွာ မဆင်မခြင် မောင်းနှင်မှုကြောင့် ရပ်တန့်ထားသော မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိသူ ဉာဏ်မြင့်တို့ နှစ်ဦးအား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အများပြည်သူသို့ အသိပေးကြေညာခြင်း

နေပြည်တော်ကောင်စီ / Posted on March 13, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

ဗီဒီယိုများ