ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား သုံးဦး ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား သုံးဦး ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 02, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပဲခူးမြို့နယ်၊ မုန်တိုင်းကျေးရွာ၊ ဟင်္သာရုပ်ထုအဝိုင်းအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ် (၁၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာနေ အောင်မျိုးလွင်(၄၈)နှစ် မောင်းနှင်လာသည့် BGO-11၊ 4N-XXXX HYUNDAI COUNTY မီနီဘတ်စ်ယာဉ်သည် မြို့ဦးကင်းတံတားမှ ကမာနက်ကျေးရွာသို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်၌ ရပ်တန့်ထားသည့် BGO-8၊ 2M-XXXX SKAT ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် မီနီဘတ်စ်ယာဉ်ပေါ် လိုက်ပါလာသူများဖြစ်ကြသည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်နေ ဦးအောင်ဇော်ဖြိုး(၃၉)နှစ်၊ အမှတ်(၅၆)ရပ်ကွက်နေ ဦးတင်ဌေး(၅၅)နှစ်နှင့် ဒေးဒရဲမြို့နယ်၊ ကျုံချင်းကျေး ရွာနေ ဦးချစ်မင်းသူ(၃၀)နှစ်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် အောင်မျိုးလွင်အား ပဲခူးမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
“(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂)မျိုးအားရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 03, 2026
“(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂)မျိုးအားရောင်းချပေးမည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 02, 2026
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်း ပြည်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏အခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 02, 2026
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း
