ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၇၆ မိုင်အနီး၌ ယာဉ်တိုက်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 17, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၁၆ ရက် နံနက် ၀၀ နာရီ ၅၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ရန်ကုန်မြို့မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဦးကျော်ရဲနိုင်(၂၇)နှစ် မောင်းနှင်၍ ယာဉ်ပေါ်ပါခရီးသည် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၉ ဦး လိုက်ပါလာသော ယာဉ်အမှတ် MDY-13/9L-XXXX HIGER အမျိုးအစား “ရွှေပြည်တော်” EXPRESS မော်တော်ယာဉ်သည် မိုင်တိုင်အမှတ် ၇၆ မိုင်အနီးအရောက်တွင် လမ်းလယ်ကျွန်းမှ လမ်း၏ အရှေ့ဘက်သို့ ရုတ်တရက် လမ်းဖြတ်ကူးသည့် အမျိုးသား တစ်ဦးအား တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အုတ်ရှစ်ကုန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁ နာရီ ၂၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါယာဉ်တိုက်မှုကြောင့် MDY-13/9L-XXXX HIGER အမျိုးအစား မော်တော်ယာဉ်၏ ရှေ့လေကာမှန်ကွဲကြေ ပျက်စီးခဲ့ကြောင်း၊ ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာခွင့်မရှိဘဲ ရုတ်တရက် လမ်းဖြတ်ကူးသူ ဦးစိုးနိုင်(သေဆုံး)အား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

ဗီဒီယိုများ