ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ မော်တော်ယာဉ်မှ ဘေးတွဲဆိုင်ကယ်အား ဝင်ရောက်တိုက်မိ ခဲ့မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးကာ အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦး ထိခိုက် ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 21, 2026
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ဘေးတွဲဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သည့် မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ မတ် ၁၉ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ မော်တော်ယာဉ်မှ ဘေးတွဲ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးကာ အမျိုးသား လေးဦးနှင့်  အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ကညွတ်ကွင်းအနောက်(၁)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် ၁၁၄ မိုင် ၇ ဖာလုံနှင့် ၁၁၅ မိုင်ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကညွတ်ကွင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များက သွား ရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၉)ရပ်ကွက်နေ ဦးမျိုးမင်းသိန်း(၃၀)နှစ်သည် YGN-2/2F-XXXX MITSUBISHI CANTER မော်တော်ယာဉ်အား ရန်ကုန်မြို့မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ၎င်း၏အရှေ့မှ တောကျွဲအင်းမြို့၊ အောင်ဇေယျရပ် ကွက်နေ ဦးအောင်ဘိုဟိန်း(၄၂)နှစ် မောင်းနှင်သည့် ဘေးတွဲဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဘေးတွဲဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် အောင်ဇေယျရပ်ကွက်နေ မရွှေအတီလင်း(၇)နှစ်တွင် ထိခိုက်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး ဦးအောင်ဘိုဟိန်းနှင့် တစ်ရပ်ကွက်တည်းနေသူများဖြစ်ကြသည့် ဒေါ်မာလာဆွေ(၄၇)နှစ်၊ ဒေါ်တင်ဆန်း(၆၇)နှစ်၊ မောင်အလင်းရောင်(၁၃)နှစ်၊ မောင်ကောင်းကင်သစ်(၈)နှစ်၊ မောင်အောင်မင်းခန့် (၅)နှစ်၊ မပြည့်ဖူးခင်(၈)နှစ်တို့တွင် ထိ ခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် မျိုးမင်းသိန်း အား ကညွတ်ကွင်းနယ်မြေရဲစခန်း ယာဉ်(ပ)၁/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တင်ဒါခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 04, 2026

တင်ဒါခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on January 28, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on January 07, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

ဗီဒီယိုများ