ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၆ ခုနှစ်လူရည်ချွန်စခန်းများသို့သွားရောက်မည့် လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၆ ခုနှစ်လူရည်ချွန်စခန်းများသို့သွားရောက်မည့် လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 02, 2026
ပဲခူး မေ ၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ၂၀၂၆ ခုနှစ် လူရည်ချွန်စခန်းများသို့သွားရောက်မည့် လူရည်ချွန်ကျောင်းသား ကျောင်းသူများအား ပဲခူးမြို့တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များထက်သန်ပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း တန်ဖိုးထားတတ်စေရန်၊ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်နှင့် စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်တို့ ရှင်သန်ကိန်းအောင်ရန်၊ မိမိပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းများကို အကျိုးပြုနိုင်ရန်ရည်ရွယ်ပြီး လူရည်ချွန်စခန်းများသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလူရည်ချွန်စခန်းများသို့ရောက်သည့်အခါ တစ်ဦးနှင့်တစ်ဦးနားလည်စာနာမှု၊ သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန်ရိုင်းပင်းကူညီဖေးမမှု၊ ယုံကြည်မှုစသည့် စိတ်ဓာတ်ရေးရာအခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်စခန်းများသို့သွားရောက်မည့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် လူရည်ချွန်ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်ဆရာ ဆရာမများ စုစုပေါင်း ၄၄ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၃၂ သိန်းကို ထောက်ပံ့ပေးအပ်ရာ လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
သတင်းစာများ
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026
