ပဲခူးမြို့နယ် ကျိုက်ပွန်ဘုရားလမ်း ဂဝံကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
ပဲခူးမြို့နယ် ကျိုက်ပွန်ဘုရားလမ်း ဂဝံကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / March 17, 2026
ပဲခူးမြို့နယ် ကျိုက်ပွန်ဘုရားလမ်း ဂဝံကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
ပဲခူး ဖေဖော်ဝါရီ ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီး အရေးပေါ်ရန်ရန်ပုံငွေဖြင့် ပဲခူးမြို့နယ်၊ကျိုက်ပွန်ဘုရားလမ်းခင်းခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရန်မျိုးနိုင်၊ ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက သက်ဆိုင်ရာကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့နယ် ကျိုက်ပွန်ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အရေးပေါ်ရန်ပုံငွေဖြင့် ကျိုက်ပွန်ဘုရားလမ်း ဂဝံကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
ကျိုက်ပွန်ဘုရားလမ်း အရှည် ၁၃၆၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ကိုးလက်မထု ဂဝံမြေနီလမ်းခင်းခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အရေးပေါ်ရန်ပုံငွေကျပ် ၄၄ ဒသမ ၀၄ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာစုဖွဲ့မှုဖြင့် ဇန်နဝါရီလ ပထမအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
ကြေငြာချက်များ
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 16, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း