ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / February 02, 2026
ပြင်ဦးလွင် ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မေရှိုးမန်းသယ်ယူပို့ဆောင်ရေး သမဝါယမအသင်းလီမိတက်၏ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)၊ မြမာလာဓမ္မာရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်မှ အမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးဗိုလ်ဝင်းမှ အသင်း၏တစ်နှစ်တာ ဆောင်ရွက်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ သည်။ ဆက်လက်၍ ရှယ်ယာရှင်လိုင်းပိုင်၊ယာဉ်ပိုင် အသင်းသားတစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်း၊ ယာဉ်မှူး၊ ဂိတ်မှူး၊ ဂိတ်လုပ်သားများ တစ်ဦးလျှင် (၅) သောင်းနှုန်း၊ စုစုပေါင်းအသင်းသား (၁၂၈) ဦးအတွက် (၁၁၄)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်နှင့် တာဝန်ကျ၀န်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ရှယ်ယာရှင်များ၊ ယာဉ်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး (ပြန်/ဆက်)
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 01, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 31, 2026
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 31, 2026
