ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ ပြည်ထောင်စုအကျိုးဝိုင်းဝန်းသယ်ပိုး
ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ ပြည်ထောင်စုအကျိုးဝိုင်းဝန်းသယ်ပိုး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 16, 2025
(၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့သည်။ သဝဏ်လွှာတွင် “ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့အပေါ်တွင် တည်မှီလျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိပါသည်။” ဟု ပါရှိသည်။
ရခိုင်ပြည်နယ်သည် ပထဝီဝင်အနေအထားအရ အနောက်ဘက်ကမ်းရိုးတန်း ဒေသတွင်တည်ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၂၀၀ ကျယ်ဝန်းပြီး အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသဖြင့် နိုင်ငံတော်အတွက် အရေးပါသောပြည်နယ်ဖြစ်သည်။ အခြားဒေသများနှင့်မတူသည့် မြစ်၊ ချောင်းများ ကွန်ရက်သဖွယ်တည်ရှိပြီး စိမ်းလန်းစိုပြည်သော တော၊ တောင်၊ သစ်တောများရှိသည့်အပြင် ရှည်လျားလှပသော ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည်။ မြေသယံဇာတများ၊ ရေသယံဇာတများ ပေါများကြွယ်ဝပြီး အဖိုးတန်ထွက်ကုန်များ ထုတ်လုပ်နိုင်သည်။ ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်စသည့် တိုင်းရင်းသားများသည် မြန်မာ၊ ချင်းစသည့် တိုင်းရင်းသားများနှင့် အတူယှဉ်တွဲနေထိုင်လျက်ရှိသဖြင့် ဂုဏ်ယူဖွယ်ရာကောင်းသည့်ပြည်နယ်ဖြစ်သည်။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအားလုံးတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ တစ်မြေတည်းနေ တစ်ရေတည်းသောက် စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြသည့် ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများဖြစ်ကြသည်။ သို့သော် ယနေ့အချိန်အခါတွင် ပြည်တွင်းမှ ပြည်ဖျက်သစ္စာဖောက်များသည် လူမျိုးရေး၊ ပြည်နယ်အရေးကိုအကြောင်းပြကာ မိမိပြည်နယ်အား ဖျက်ဆီးနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမျိုးသားသစ္စာဖောက်များသည် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွား အတွက် မိမိတို့တိုင်းရင်းသားများကို ဆင်းရဲဒုက္ခရောက်စေပြီး မိမိနေထိုင်ရာဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်များကို စဉ်းစားဆင်ခြင်မှုကင်းမဲ့စွာဖြင့် ဖျက်ဆီးနေသည်။ ထိုသို့ ဖျက်ဆီးနေမည့်အစား မိမိတို့ရှင်သန်ကြီးပြင်းခဲ့ရာဒေသနှင့် ပြည်ထောင်စုကြီးအကျိုးစီးပွားအတွက် အားလုံးအရှည်မြော်တွေးကြရန် အရေးကြီး သည့် အချိန်အခါဖြစ်သည်။
မိမိတို့အချင်းချင်း သွေးကွဲနေကြမည်ဆိုလျှင် နိုင်ငံတော်၏ စွမ်းအားများ လျော့နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ကြရသော လူမျိုးများအဖြစ် သမိုင်းအမွေဆိုးကျန်ရစ်မည်ကို သတိချပ်ကြရန်လိုသည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ကောင်းမွန်သော ရေခံ၊ မြေခံများရှိပြီးဖြစ်၍ တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုရှိလာပါက ခေတ်အဆက်ဆက်ဖွံ့ဖြိုးမှုနောက်ကျနေသော ရခိုင်ပြည်နယ်အပါအဝင် ဒေသအားလုံးတွင် ကျေးလက်ဒေသများပါမကျန် ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲမသွေဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဆင်းရဲဒုက္ခခံစားနေကြရပြီး ဖွံ့ဖြိုးမှုနောက်ကျနေသော ပြည်သူလူထု၏မျက်နှာကို ထောက်ထားပြီး တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် သီးခြား ရပ်တည်လိုမှုကိုသာ ရှေ့တန်းတင်လာကြသည်။ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲအတွင်း အတင်းအဓမ္မရောက်ရှိစေခဲ့သည်။ လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် မိမိတို့လိုလားချက်ကို ရရှိနိုင်မည်မဟုတ်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းမှသာ ပဋိပက္ခများ ပြေလည်မည်ဖြစ်၍ လက်နက်ကိုင်လမ်းစဉ်ကို စွန့််လွှတ်ကာ လမ်းကြောင်းမှန်ပေါ်ရောက်စေရေး တိုက်တွန်းအပ်ပါသည်။ လွတ်လပ်ရေးမရမီနှင့် ရပြီးအချိန်ကတည်းက အကြောင်းအမျိုးမျိုးသော လက်နက်ကိုင်လမ်းစဉ်များကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့မှုနှင့် ကမ္ဘာ့နိုင်ငံများတွင် ဝေးလံသောဒေသများ၌ပင် ဖွံ့ဖြိုးတိုးတက်နေပြီကို သင်ခန်းစာယူသင့်သည်။
သို့ဖြစ်ရာ ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံကာ နိုင်ငံရေးနည်းလမ်းဖြင့်သာ တွေ့ဆုံဆွေးနွေးအဖြေရှာကြရမည်ဖြစ်သည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအင်အားဖြင့် မိမိတို့ဒေသအကျိုး၊ ပြည်ထောင်စုကြီးအကျိုးကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါကြောင်း။ ။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း (နောက်ဆက်တွဲ)
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on December 15, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၅/၁၆-၁၂-၂၀၂၅)
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန / Posted on December 16, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု(၁၄-၁၂-၂၀၂၅)
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန / Posted on December 15, 2025
