ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း(ASEAN Ports Association) နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / November 07, 2025
image_latest


ရန်ကုန်၊ နိုဝင်ဘာ ၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အိမ်ရှင်နိုင်ငံအဖြစ် နိုဝင်ဘာလ ၆-၇ ရက်များတွင် ရန်ကုန်မြို့ Wyndam Grand Yangon Hotel ၌ လက်ခံကျင်းပသည့် (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဝန်ကြီးဌာနလက်အောက်ရှိ ရေကြောင်းဘက်ဆိုင်ရာဦးစီးဌာန၊ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အာဆီယံဆိပ်ကမ်းများအသင်း၏ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများ၊ ပုဂ္ဂလိကဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများ ၁၂၀ ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံဆိပ်ကမ်းများအသင်း၏ ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ကိုယ်စားလှယ်ခေါင်းဆောင်များကို သီးသန့်လက်ခံ တွေ့ဆုံပါသည်။ ထို့နောက် အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ဧည့်သည်တော်ကြီးများ အားလုံးကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ အသင်းဝင်နိုင်ငံအများစုက လူကိုယ်တိုင် တက်ရောက်ပေးကြတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုအစည်းအဝေးကို အာဆီယံ၏ ဆောင်ပုဒ်ဖြစ်သော “One Vision, One Identity, One Community” အရ အာဆီယံဆိပ်ကမ်းလုပ်ငန်းအသိုက်အဝန်းအတွင်း ဘုံအကျိုးစီးပွားဖြစ်ထွန်းရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အတူတကွလျှောက်လှမ်းနိုင်ရေး ရည်မှန်းချက်များဖြင့် အာဆီယံဆိပ်ကမ်းများအသင်း၏ “Navigating Together, Sustainable Forever” ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ဆိပ်ကမ်းများသည် အာဆီယံဒေသကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားများဖြစ်ကြကြောင်း၊  ယခုအစည်းအဝေးတွင် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုကွန်ယက် ပိုမိုအားကောင်းလာစေရေး၊ ဆိပ်ကမ်းများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးတို့အတွက် လက်တွေ့ကျသော မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ဆွေးနွေးနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ဒေသတွင်းဆိပ်ကမ်းများအကြား ချိတ်ဆက်မှု (Connectivity)နှင့် စွမ်းဆောင်ရည် (Performance) ပိုမိုကောင်းမွန်စေရေးအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation), ဆန်းသစ်တီထွင်ခြင်း(Innovation), ကာဗွန် ထုတ်လွှတ်မှုလျှော့ချခြင်း (Decarbonization)နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း(Human Resource Development)တို့ကို အသင်းဝင်နိုင်ငံအသီးသီးက ဆောင်ရွက်လျက်ရှိကြကြောင်း၊ ယခုအစည်းအဝေးတွင် နိုင်ငံအလိုက်အတွေ့အကြုံ ကောင်းများကိုမျှဝေခြင်းဖြင့် အပြန်အလှန် အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ ဧည့်သည်တော်ကြီးများအနေဖြင့် ရန်ကုန်မြို့တွင် ရောက်ရှိနေ ထိုင်ကြစဉ်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာလူမျိုးများ၏ နွေးထွေးပျူငှာမှုတို့ကိုခံစားရင်း ပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အာဆီယံဆိပ်ကမ်းများအသင်း၏ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံမှ Capt. Basza Alexzandar Basri က အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်က အနှစ်ချုပ်အမှာစကား ပြောကြားသည်။

အာဆီယံဆိပ်ကမ်းများအသင်းကို ၁၉၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်၍ နှစ် ၅၀ ရွှေရတုကို ကျော်လွန်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် အသင်းဝင်နိုင်ငံ ဖြစ်လာခဲ့ကြောင်း၊ ယခုအခါအသင်းကြီးတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်၊ အဖွဲ့ဝင် ၉ နိုင်ငံပါဝင်ပြီး၊ ဒေသတွင်းဆိပ်ကမ်းလုပ်ငန်း အသိုက်အဝန်းတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိကြောင်းသိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 06, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on November 06, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023