ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ (ရွာသာကြီး) မြေကွက်လပ်နေရာရှိ သိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ (ရွာသာကြီး) မြေကွက်လပ်နေရာရှိ သိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 28, 2025
နေပြည်တော် နိုဝင်ဘာ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့ သစ်(အရှေ့ပိုင်း) မြို့နယ်အမှတ် (၂) လမ်းမကြီးအနီး အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) သိုလှောင် ရုံဌာနခွဲ(ရွာသာကြီး) ဝင်းအတွင်းရှိ မြေကွက်လပ်နေရာသို့ သွား ရောက်ကြည့်ရှုသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဘေးသင့်ဒေသများ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အိမ်ရာများ၊ ရုံးများ၊ အဆောက်အအုံများ တည်ဆောက်ဆဲကာလတွင် ယာယီအသုံးပြုလျက်ရှိသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းထားသည့် ယာယီအိမ်ရာများ၊ (Container House)၊ ယာယီရုံးများ( Container Office) များကို အမြဲတမ်းအဆောက် အအုံများဆောက်လုပ်ပြီးစီးသွားပါက စနစ်တကျပြန်လည်သိမ်းဆည်းထားရှိနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် သိုလှောင်ရုံဆောက်လုပ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရေဝင်/ ရေဝပ်နိုင်သည့် နေရာဖြစ်သောကြောင့် သိုလှောင်ရုံကို ရေလွတ်နိုင်သည့်အမြင့်အထိ ဆောက်လုပ်နိုင်ရေး၊ သိုလှောင်ရုံဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းနှင့် ညီညွတ်မှုရှိစေရေး၊ မြေအခြေအနေနှင့် သိုလှောင်ထားရှိမည့် Container များ၏ ခံနိုင်ဝန်တို့ကို စနစ်တကျတွက်ချက်၍ ရေရှည်အသုံးပြုနိုင်ပြီး စက်ယန္တရားများဖြင့် သယ်ဆောင် အတင်အချပြုလုပ်နိုင်သည့် ပုံစံဒီဇိုင်းနှင့် အကျယ်အဝန်းရှိသည့် သိုလှောင်ရုံများဖြစ်စေရေး အဘက်ဘက်မှထည့်သွင်းတွက်ချက် တင်ပြရန်မှာကြားပြီးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on November 26, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on November 27, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အငယ်တန်းစာရေးနှင့်အဆင့်တူ ရာထူး ၉၀ နေရာ၊ အမှုတွဲထိန်းနှင့်အဆင့်တူရာထူး ၁၀ နေရာ၊ ရုံးအကူ/ စာပို့နှင့်အဆင့်တူ ရာထူး ၁၅ နေရာတို့အတွက် လျှောက်လွှာခေါ်ယူခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / Posted on November 27, 2025
လျှောက်လွှာပုံစံ- Form
