ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားအား လက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 31, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၃၀

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီအနည်ကျချိုင့်ဝှမ်း၊ မုတ္တမအနည်ကျချိုင့်ဝှမ်းတို့နှင့် ဆက်စပ်သည့် မြန်မာ့ကမ်းလွန်ဒေသများတွင် နည်းပညာတိုးတက်လာသည်နှင့်အညီ ရေနံနှင့် သဘာဝဓာတ်ငွေ့ခိုအောင်းနေမှုများကို ပိုမိုတိကျစွာ ရှာဖွေတွေ့ရှိလာမှုကြောင့် ယင်းဒေသများတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်လျက်ရှိပါကြောင်း၊ ယခုအခါ Andaman ကျွန်းအနီးတဝိုက်တွင်လည်း အိန္ဒိယနိုင်ငံမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း၊ မိမိတို့နှင့် တရုတ်နိုင်ငံနှစ်နိုင်ငံခေါင်းဆောင်များအကြား သဘောတူညီထားသည့် စွမ်းအင်ကဏ္ဍတွင်ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်၍ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေး အချိန်အခါကောင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မြန်မာ့ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေပါကြောင်း၊ မိမိတို့နိုင်ငံအပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း သဘာဝဓာတ်ငွေ့လိုအပ်ချက်များ မြင့်တက်နေသည့်အတွက် မြန်မာ့ကမ်းလွန်လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးနည်းပညာနှင့် အရင်းအနှီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြောကြားပြီး သက်တမ်းရင့် ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် နည်းပညာအသုံးပြု၍ ထုတ်လုပ်မှုမြှင့်တင်ရေး၊ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းမှရရှိမည့် ရေနံစိမ်းကိုရယူပြီး ရေနံချက်စက်ရုံအသစ်ပူးပေါင်းတည်ဆောက်မည့်စီမံကိန်း၊ ရေနံချက်စက်ရုံများ၊ ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 30, 2025

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023