ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုဝန်ထမ်းဟောင်းများအသင်း (၁၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 22, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၁

စက်မှုဝန်ထမ်းဟောင်းများအသင်း (၁၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယနေ့တွင် ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး ဂုဏ်ထူးဆောင်နာယကကြီးများ၊ နာယကကြီးများ၊ အသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဆပ်ကော်မတီဝင်များ၊ အသင်းသား အသင်းသူများနှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ထမ်းဟောင်းအသင်းကို ၂၀၁၄ ခုနှစ် မတ် ၁၅ ရက်တွင် အသင်းသား ၆၅၃ ဦးဖြင့် စတင်တည်ထောင်ခဲ့ပြီး ယခုအချိန်တွင် နာယက နှစ်ဦး၊ အလုပ်အမှုဆောင်အဖွဲ့ ၁၇ ဦး၊ အသင်းသား ၉၆၅၁ ဦးဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အတွက် အထူးဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ အသင်းကြီးအား နိုင်ငံတော်စက်မှုလက်မှု ကဏ္ဍတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ရေး၊ ဝန်ထမ်းဟောင်းများ၏ သာရေး/နာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များကို ထောက်ပံ့ပေးရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ အသင်းစတင်တည်ထောင်စဉ်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ၁၂ နှစ်တာ ကာလအတွင်း ကျန်းမာရေးနှင့် နာရေးကိစ္စရပ်များအတွက် အသင်းသား ၃၉၅၆ ဦး ကို ထောက်ပံ့ငွေကျပ် ၄၁၁၆၅၀၀၀ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ အသင်းဝင်များသည် စက်မှုဝန်ကြီးဌာနတွင် နှစ်ရှည်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အကြံပြုချက်များဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးစေလိုကြောင်းနှင့် အသင်း၏လိုအပ်ချက်များကိုလည်း တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဝန်ထမ်းဟောင်းအသင်း နာယကများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) များနှင့် အသင်းဥက္ကဋ္ဌတို့က အမှာစကားပြောကြားခြင်း၊ အသင်းအတွင်းရေးမှူးက ၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းတို့ကို ရှင်းလင်းခြင်း၊ အမှုဆောင်အသစ်များ ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ပြီး အသင်းချုပ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 21, 2026

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 21, 2026

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 18, 2026

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ဗီဒီယိုများ