ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီးရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအား ရှင်းလင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 27, 2026
image_latest


နေပြည်တော် ဧပြီ ၂၆

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တိုင်းဦးစီးမှူးရုံး စုပေါင်းခန်းမ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဦးစီးဌာနများမှ ဝန်ထမ်းများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများတွင်ပါရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်များကို ဝန်ထမ်းများအနေဖြင့် လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် လုပ်ထုံးလုပ်နည်းများ လွယ်ကူလျင်မြန်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားဖြစ်သည့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် အစွမ်းကုန်ကြိုးစားကြရန်လိုအပ်ကြောင်း။

ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ တစ်ဦးချင်းစီမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ရုံးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာဝိုင်းဝန်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှ ချမှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများအား တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ ဌာနတွင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန်နှင့် ခေတ်စနစ်နှင့်အညီ e-Government လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာအသုံးပြုပြီး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အမြဲလေ့လာဆည်းပူးကြရန်တို့ကို မှာကြားသည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

ဗီဒီယိုများ